alt text
သတိတရ​နှင့် ေမ့​မ​ရ​သည်
Read More
alt text
ဒါလား​​ဟဲ့​ စာ​ရေး​​ဆရာ
စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီစသည့် အနုပညာ နယ်ပယ်မှ အနုပညာသမားများသည် ခံစားစရာ ရိှလှျင် သူများထက် ပိုမို ခံစားတတ်ြပီး၊
Read More
alt text
ဂစ်တာ​အို​တစ်​လံုး
ပိတ်သားထက်က ဇာတ်လမ်းမဟုတ်ဘူး... မုသားကုိ ကိုးစားတဲ့ ေစစားသူလည်းမဟုတ်ဘူး...
Read More
alt text
ဆရာ KEY
သို့နှင့် ကျွန်ေတာ်သည် သူ၏ ဇာတ်ေြကာင်းအစံုကို ေမးြမန်းမိေလေတာ့သည်။ တစ်ေန့
Read More
alt text
ငါ... လူ​မိုက်
အစကတည်းက ပွင့်လန်းမယ့်ပန်းေတွအေြကာင်း.... အချစ်လမ်းနဲ့ ကမ်းေတွအေြကာင်း
Read More
alt text
ဘ​ေလာ့​ဂ်ဂါ​သမိုင်း​
ကျွန် ​ေတာ်ဟာ သတင်း​လိုက်ဖတ်ရင်း​ ြပင်သစ် Blogger တစ်​ေယာက်ရဲ့​
Read More
alt text
အလံ မလှဲပါနဲ့​ ဧရာ
ကျွန်​ေတာ်သည် ြမန်မာစာပညာရှင်လည်း​ မဟုတ်၊​ ယူနီကုဒ်ပညာရှင်လည်း​ မဟုတ်ပါ။ သို့​ေသာ်
Read More
alt text
နား​ခံ​ေတာ် မူလနိဒါန်း​
ကျွန်ုပ်သည် ၁၂၉၂ ခုနှစ်မှစ၍ ြမန်မာဘုရင်မင်း​ြမတ်လက်ထက် “​ေနာ်ရထာ​ေကျာ်ထင်”ဘွဲ့​ရ လွှတ်​ေတာ်စာ​ေရး​ေတာ်ြကီး​ ရာထူး​၊
Read More
ဖိလစ်ပိုင်ကမ်းရိုးတန်းသွား သင်္ဘော နစ်မြုပ်
  • by
  • Aung Maw
  • ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းမှာ နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်က လူ ၉၀၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို ့ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ် က ပြောပါတယ်၊ သေဆုံးသူဟာ အတည်ပြုနိုင်သလောက် ၉ ဦး ရှိသွားပြီး ၆၀ ကျော် ပျောက်ဆုံး နေတယ်လို ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ခရီးသည် တထောင်နီးပါး ပါတဲ့ Super Ferry 9 ခရီးသည်တင် သင်္ဘော တနင်္ဂနွေနေ့မှာ လုံးဝ နစ် မသွားခင်မှာ ခရီးသည် အများစုကို တခြား သင်္ဘောတွေပေါ် သက်ဆိုင်ရာက ပြောင်းတင် ပေးနိုင်ခဲ့ပါတယ်။
    General Santos မြို့ကနေ အီလိုအီလိုမြို့ကို အသွား သဘောင်္ဟာ ရှော်ခွန် ပင်လယ်အော်မှာ တနင်္ဂနွေနေ ့ လင်းအားကြီး ချိန်မှာ စတင် တိမ်းမှောက်ခဲ့တယ်လို ့ တာဝန်ရှိသူတွေက ပြောပါတယ်။ သင်္ဘောနစ် မသွားခင် သင်္ဘောကို စွန့်ပြီး သွားကြဖို့ သင်္ဘော Captain က ခရီးသည်တွေကိုရော ဝန်ထမ်းတွေကိုပါ အမိန့်ပေးခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေကို ရေတပ် သင်္ဘောတွေ၊ လေတပ်က ရဟတ်ယာဉ်တွေနဲ ့ လိုက်လံ ရှာဖွေနေပါတယ်။
    အမေရိကန်ကလည်း ဖိလစ်ပိုင်တောင်ပိုင်းမှာ စစ်ရေး လေ့ကျင့်နေတဲ့ အမေရိကန် ရဟတ်ယာဉ်တွေနဲ ့ အမေရိကန် ဆေးတပ်မှူးတွေပါတဲ့ သင်္ဘောတွေကိုလည်း သင်္ဘောမှောက်တဲ့ နေရာကို စေလွှတ်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးတာနဲ ့ သင်္ဘော ဘာကြောင့် မှောက်ခဲ့ရသလဲဆိုတာကို စုံစမ်း စစ်ဆေးမယ်လို ့ ကမ်းရိုးတန်းစောင့်တပ် တာဝန်ရှိသူတွေ က ပြောပါတယ်။
    all-channel
    Read More...
    ကျွန်တော်နှင့် အပိုင်းအစများ
  • by
  • Aung Maw
  • ဟိုတစ်ချိန် Blog ရေးစအချိန်တွင် ကျွန်တော် ၀တ္ထုတို blog ဆိုက်တစ်ခုကို ပြုလုပ်ခဲ့ဖူးသည်။ အဲ့အချိန်က Blogger ဟောင်းများ "ဆောင်းလေရူး" ဆိုပြီး အသိများခဲ့ ကြပါသည်။ ယခုအခါတွင် ကျွန်တော်၏ ခံစားရေးသီရာ ၀တ္ထုတိုများအား ချပြ ချင်သေးပြန်သည်။ သို့ဖြစ်၍ "ကျွန်တော်နှင့်အပိုင်းအစများ" ဟူသော blog ကို အသစ်ဖွဲ့တည်ခဲ့ပါသည်။
    လာရောက်ဖတ်သူများ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်မိ သည်။ ရသများစွာကို ဆက်လက်ရေးသား တင်ပြသွားမည် ဖြစ်ပါသည်။ ယခင် "ဆောင်းလေရူး" စာဖတ်ပရိသတ် ဟောင်းများအနေဖြင့်လည်း ဆက်လက်ဝေဖန် ဖတ်ရှု့ပါဦး ဟု ဖိတ်ခေါ်အပ်ပါသည်။
    လင်းဦး(စိတ်ပညာ)
    Read More...
    ဆူနာမီအဖြစ်မှ ပယ်ဖျက်လိုက်ပြီ
  • by
  • Aung Maw
  • ယနေ့နံနက် အိန္ဒိယသမုဒ္ဒရာရှိ အရှေ့တောင်အာရှ ကုန်းမြေကြီးအလွန်တွင် ကြီးမားသော ငလျင်လှုပ်သွားပြီးနောက် (၂)နာရီအကြာတွင် ဆူနာမီ အရေးပေါ် တပ်လှန့်မှုကို ပယ်ဖျက်လိုက်ပါကြောင်းဖြင့် အမေရိကန်အစိုးရ၏ ပစိဖိတ်ဆူနာမီ သတိပေးရေး စခန်းက ပြောကြားပါသည်။
    ကမ်းရိုးတန်းဒေသများဖြစ်သော အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို ဆူနာမီအတွက် စောင့်ကြည့်ခဲ့ပါသည်။ ထိုသို့ စောင့်ကြည့်မှုကို ဒေသစံတော်ချိန် နံနက် ၂နာရီမတိုင်မီ မိနစ်အနည်းငယ်ခန့်မှစ၍ အရှေ့အိန္ဒိယ၊ Andaman ကျွန်းအလွန် ရ.၇ မဂ္ဂနီကျူ့ အဆင့်ရှိ မြေငလျင် လှုပ်သွားပြီးနောက်ပိုင်းတွင် ဖြစ်ပါသည်။
    သို့ရာတွင် ဒေသစံတော်ချိန် နံနက် ၄နာရီနောက်ပိုင်းတွင် ပစိဖိတ်ဆူနာမီသတိပေးဌာနက ပင်လယ်ရေပြင်အမြင့်သည် ဆူနာမီဖြစ်ပွားလောက်အောင် သိသာထင်ရှားစွာ မြင့်တက်လာခြင်းမရှိဟု ကြေငြာပြီး တပ်လှန့်မှုကို ပယ်ဖျက်လိုက်ပါသည်။
    လင်းဦး(စိတ်ပညာ)
    Read More...
    သဘာဝဘေးဒဏ်ကျရောက်မည့်ုနေရာ ထုတ်ပြန်မှု
  • by
  • Aung Maw
  • ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၏ အနောက်ဘက် ၈၂၅ ကီလိုမီတာအကွာ၊ မြန်မာနိုင်ငံ တနင်္သာရီအနောက်ဘက် ၃၆၅ ကီလိုမီတာအကွာရှိ Andamans ကျွန်း၏မြို့တော် Port Blair မြောက်ပိုင်း ၂၆၃ ကီလိုမီတာအကွာလောက်တွင် ရေအနက် ၃၃ ကီလိုမီတာ၌ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။
    ပစိဖိတ်ဆူနာမီသတိပေးဌာနက အစောဆုံးတပ်လှန့်ချက်အဖြစ် Andaman ကျွန်း၊ Port Blair, Great Nicobar, Kainada နှင့် Baleshwar အပါအဝင် အိန္ဒိယနိုင်ငံ၏ ပြည်နယ်များကို သတိပေးချက် အဖြစ် မြေငလျင်ဖြစ်ပေါ်မှုသည် မည်သည့်ဆူနာမီကိုမဆို ဖြစ်ပေါ်စေနိုင်ပြီး ဖော်ပြပါနေရာများသည် သဘာဝဘေးဒဏ်ကို ပထမဆုံးကျရောက်နိုင်ရန် အလားအလာရှိကြောင်းဖြင့် သတိပေးထားပါသည်။
    မြန်မာနိုင်ငံတွင် အန္တရာယ်ရှိသည့် ဒေသများအဖြစ် ပြင်ခရိုင်(Pyinkayaing)၊ ချီဒူဘကျွန်း (Kheduba Island) ၊ စစ်တွေ၊ မြိတ်နှင့် ရန်ကုန်တို့ကို စာရင်း သတ်မှတ်ထားပါသည်။
    အင်ဒိုနီးရှားတွင် ၂၀၀၄ခုနှစ်က ဆူနာမီကျရောက်ခဲ့သော ဒေသဖြစ်သည့် ဘန်ဒါအာချေး (Banda Aceh) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စစ်တကောင်း (Chittagong) တို့ကို သတိပေးထားပါသည်။
    ထိုင်းနိုင်ငံတွင် ဖူးခက်(Phuket)၊ ကိုပရာသွန်(Ko Phra Thong) နှင့် ကိုတာရူတာအို (Ko Tarutao) တို့ကို ဆူနာမီစောင့်ကြည့်နေရာများအဖြစ် သတ်မှတ်ပါသည်။
    လင်းဦး(စိတ်ပညာ)
    Read More...
    ငလျင်ကြီးတစ်ခု လှုပ်ခတ်
  • by
  • Aung Maw
  • မဂ္ဂနီကျူ့ ရ.၅ရှိ ငလျင်ကြီးတစ်ခုသည် အင်္ဂါနေ့ အစောပိုင်းတွင် အိန္ဒိယသမုဒ္ဒရာရှိ Andaman ကျွန်းအလွန်တွင် လှုပ်သွားခဲ့ပါသည်။ ဆူနာမီအရေးပေါ် စောင့်ကြည့်ရေးအနေဖြင့် အိန္ဒိယ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို သတိပေးထားပါသည် ။
    Andaman ကျွန်း၏ မြို့တော်ဖြစ်သော Port Blairရှိ Reuters သတင်းထောက် Sanjit Kumar က ၎င်းတို့၏ အခန်းသည် စက္ကန့် ၂၀ မှ စက္ကန့် ၃၀ အထိ ပြင်းထန်စွာ လှုပ်ခါသွားကြောင်း ဆိုပါသည်။ ၎င်းက ပြောကြားရာ၌ Andaman ကျွန်း၏ မြောက်ပိုင်းတွင် လူအများနေအိမ်မှ အထိတ်တလန့်ထွက် ပြေးကြကြောင်း၊သို့ရာတွင် ရဲများက ပျက်စီးမှုနှင့်ပတ်သက်၍ သတင်းမရသေးကြောင်း ပြောကြားပါသည်။
    အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့က ပြောကြားရာ၌ ငလျင်သည် စတင်စက မဂ္ဂနီကျူ့ ရ.၇ ရှိပြီး၊ နံနက် ၁ : ၅၅ နာရီ (စင်္ကာပူ စံတော်ချိန် နံနက် ၃ း ၅၅ နာရီ)တွင် လှုပ်ခါသွားခဲ့ကြောင်း ပြောကြား ပါသည်။ ရေတိမ်ပိုင်းအနက် ၃၃ ကီလိုမီတာတွင် Port Blair ၏ မြောက်ပိုင်း ၂၅၄ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခါခဲ့ခြင်းဖြစ်ပါသည်။
    အမေရိကန်နိုင်ငံ အမျိုးသားသမုဒ္ဒရာနှင့် လေထုဆိုင်ရာအုပ်ချုပ်ရေး၏ ပစိဖိတ်သမုဒ္ဒရာဆူနာမီ တပ်လှန့်စခန်းမှ အဆိုပါဒေသအတွက် ဆူနာမီအရေးပေါ် စောင့်ကြည့်ရန် သတိပေးထုတ်ပြန် ထားပါ သည်။ သတင်းထုတ်ပြန်ချက်တွင် ဆူနာမီစခန်းက ပြောကြားရာ၌ ငလျင်၏ အရွယ်အစားမှာ ပြည်တွင်း၌ ဖြစ်ပေါ်သည့် ဖျက်ဆီးနိုင်သည့်အဆင့်သို့ ရောက်ရှိရန် အလားအလာရှိကြောင်း၊ တစ်ခါတစ်ရံ ဒေသတွင်း ဆူနာမီအဖြစ် ကမ်းရိုးတန်းတစ်လျှောက် ဖျက်ဆီးနိုင်ကြောင်းဖြင့် ဆိုပါသည်။ ငလျင်၏ ဗဟိုပြုသော နေရာမှ ကီလိုမီတာ တစ်ထောင်ထက်မဝေးသောနေရာတွင် ဖြစ်ပွားနိုင်ကြောင်းဖြင့် ဆိုပါသည်။
    သမုဒ္ဒရာဆိုင်ရာ သတင်းအချက်လက်ဖြန့်ဝေရေး အိန္ဒိယအမျိုးသားဌာန၏ အရာရှိ Ajay Kumar က ပြောကြားရာ၌ ဆူနာမှ သတိပေးချက်ကို ၎င်းဌာနက မထုတ်ပြန်ကြောင်းဖြင့် ဆိုပါသည်။ ၎င်း Reuters သို့ ဖုန်းဖြင့် ပြောကြားရာ၌ ဆူနာမီအရေးပေါ်သတိပေးချက်ကို ၎င်းတို့မထုတ်ပြန်ကြောင်း၊ လောလောဆယ် ဒေသအတွင်း ရေအမြင့်ပြောင်းလဲမှုကို စောင့်ကြည့်စစ်ဆေးနေကြောင်းဖြင့် ဆိုပါသည်။
    Andaman နှင့် Nicobar ကျွန်းများသည် ကွင်းဆက်သဖွယ်ကျွန်းများဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာရှိ အိန္ဒိယနိုင်ငံအရှေ့ဘက် မိုင်ရာပေါင်းများစွာဝေးသော နေရာတွင် ရှိပါသည်။ အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာနက မဂ္ဂနီကျူ့ ရ.၆ရှိသော ငလျင်သည် ငလျင်ကြီးတစ်အခုအဖြစ် သတ်မှတ်ကြောင်း၊ ငလျင်ရိုက်ခတ်မှုပျံ့နှံ့နိုင်ပြီး အပျက်အစီးကြီးမားမည်ဖြစ်ကြောင်းဖြင့် ဆိုပါသည်။
    ၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပွားခဲ့သည့် ကြီးမားသောငလျင်သည် ဆူနာမီကိုဖြစ်စေပြီး လူ ၂၂၈,၀၀၀ ဦးကို သေဆုံးစေခဲ့ပါသည်။
    အင်ဒိုနီးရှားတွင် ဇလဗေဒဆိုင်ရာ အေဂျင်စီအရာရှိတစ်ဦးက ၎င်းအေဂျင်စီသည် ဆူမားတရား ကျွန်းထိပ်ရှိ အာချေးဧရိယာကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းဖြင့် ဆိုပါသည်။ ယခုအထိ အင်ဒိုနီးရှားနိုင်ငံ တွင် ဆူနာမီနှင့်ပတ်သက်၍ သတင်းပေးပို့မှုများမရှိသေးကြောင်း၊ သို့ရာတွင် ပင်လယ်ကမ်းခြေသို့ ရောက်ရှိရန် (၂)နာရီခန့်ကြာကြောင်းဖြင့် ဆိုပါသည်။
    လင်းဦး(စိတ်ပညာ)
    Read More...
    မြန်မာပြည်၏ နောက်ဆုံးမိဖုရား
  • by
  • Aung Maw
  • စုဖုရားလတ်သည် မြန်မာပြည် ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ နောက်ဆုံးသောဘုရင်၏ မိဖုရားဖြစ်သကဲ့သို့ ကုန်းဘောင်ခေတ်၏ နောက်ဆုံး မဟေသီပင်ဖြစ်သည်။ စုဖုရားလတ်အား မြတောင်မြို့ကို စားရ၍ မြတောင်မင်းသမီးဟုလည်း ခေါ်ကြသည်။
    မင်းတုန်းမင်း၏ အလယ်နန်းစံမိဖုရားဖြစ်သော ဆင်ဖြူမရှင်မှ စုဖုရားလတ်အား အေဒီ ၁၈၅၉ တွင် ဖွားမြင်သည်။ ဆင်ဖြူမရှင်တွင် သမီးသုံးယောက်ရှိရာ စုဖုရားလတ်သည် အလတ်မ ဖြစ်သည်။ အကြီးဆုံးမှာ မိုင်းနောင် စုဖုရားကြီးနှင့် ရမည်းသင်း စုဖုရားလေးတို့ ဖြစ်ပါသည်။
    နန်းတွင်း အရှုပ်တော်ပုံများကြောင့် မင်းတုန်းမင်းသည် မိမိ၏ သားတော်များအား အိမ်ရှေ့စံမတင်ဘဲ တိုင်းပြည်ရေးရာတွင် မိမိနှင့်အတူ တက်ကြွစွာပါ၀င်လုပ်ဆောင်သော ညီတော် ကနောင်မင်းသားအား အိမ်ရှေ့စံမင်းသားအရာ ပေးအပ်လေသည်။ ဉာဏ်ရည်စွမ်းပကားမြင့်မားမှုရှိသော ကနောင်မင်းသားအား နန်းတွင်း အမတ်များနှင့် မှူးမတ်အချို့မှာ ကျေနပ်မှု မရှိကြ။
    ဆင်ဖြူမရှင်မိဖုရားသည် မိမိသားသမီးများကောင်းစားရေးနှင့် နန်းတွင်းတွင် လိုသလိုခြယ်လှယ်နိုင်ရန် ၀န်ကြီး မှူးမတ်၊ မင်းသားအချို့တို့ စည်းရုံးသိမ်းသွင်းကာ မင်းတုန်းမင်း၏ သားတော်တစ်ပါးဖြစ်သော၊ စာပေကျမ်းဂန်၌သာ ပျော်မွေ့တတ်သော ဘုန်းကြီးလူထွက် သီပေါမင်းသားနှင့် သမီးကြီး စုဖုရားကြီးနှင့် လက်ဆက်ရန် စီမံသည်။ သို့သော် ထက်မြက်သော စုဖုရားလတ်သည် မိဖုရားခေါင်ကြီးနေရာကို သီရိပဘာ ရတနာဒေဝီဘွဲ့ဖြင့် အရယူခဲ့သည်။ ဆင်ဖြူမရှင်မိဖုရားနှင့် စုဖုရားလတ်တို့ကြောင့် သီပေါမင်းသား ဘုရင်ဖြစ်လာပြီး စုဖုရားညီအစ်မ(၃)ယောက်လုံး မိဖုရားအဖြစ် လက်ခံခဲ့ရသည်။ စုဖုရားလတ်သည် သီပေါဘုရင်နှင့် မေတ္တာမျှခဲ့သော အရပ်သူ ဒိုင်းခင်ခင်အား အဓမ္မနည်းဖြင့် ဖြတ်တောက် ကွယ်ပျောက် စေခဲ့ သည်။
    စုဖုရားလတ်သည် နန်းတွင်းရှိ မိမိနှင့်ပုလဲနံပသင့်သော အမှုထမ်း၊အရာထမ်းများအပါအဝင် ဇာတ်သဘင်၊ မင်းသမီး မင်းသားတို့ကို ငွေကြေးဆုလာဘ်များ များပြားစွာဆုချလေ့ရှိကြောင်းကို အနောက်တိုင်း သုတေသီများက ယခုလို မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည် ။
    She has given great quantities of presents to people she liked and one of her amusements on stage occasions or fete days was to sit on the dias, with a great pile of money before her, and to call people up to take as much as they could carry in their two hands.
    (The Pagoda War,Pg.65)
    တစ်လင်တစ်မယားစနစ်ကို ဦးစွာတည်ထောင်ခဲ့သူအမျိုးသမီးမှာ စုဖုရားလတ်ပင်ဖြစ်သည်။ သူမသည် လင်ယောကျ်ားဖောက်ပြန်သော အမှုမျိုးများတွင် ပြင်းထန်စွာအရေးယူလေ့ရှိသူပင်ဖြစ်သည်။မိခင် ဆင်ဖြူမရှင် နှင့် နန်းတွင်းမှူးမတ်ပညာရှိတို့ကို အာခံကာ နန်းတွင်လူမိုက်များအားကိုးဖြင့် ငါတကော ကောခြင်း၊ ၁၈၇၉ ဖေဖော်ဝါရီလတွင် သွေးချောင်းစီးသော နန်းတွင်းလုပ်ကြံမှုကြီးအရေးအခင်းတွင် အသက်ပေါင်းများစွာ ပေးခဲ့ရခြင်း၊ တကယ် နားမလည်ဘဲ နိုင်ငံခြားသံတမန်ကိစ္စများတွင် ၀င်ရောက်ခြယ်လှယ်ခြင်း၊ အသုံးအစွဲ ကြီးမားခြင်းတို့ကြောင့် တိုင်းပြည်သည် ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်အဖြစ်သို့ ရောက်ခဲ့ရသည်။ ထို့ကြောင့် ပြည်သူများ ဆင်းရဲ နွမ်းပါးကာ သူခိုး ဓါးမြများ ထကြွသောင်းကျန်း၍ တိုင်းပြည်သည် မငြိမ်မသက် ဖြစ်ခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ကလည်း ရရှိပြီးသော နယ်မြေထက် ပိုပြီးလိုချင်ကာ ပြင်သစ်ထက် လက်ဦးမှု ရယူလိုနေချိန်ဖြစ်သည်။ တစ်ဖက်တွင်လည်း စုဖုရားလတ်တို့မှာ ပဒေသရာဇ်စနစ်၏ အရသာကို မက်မော နေပြီဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို တတ်ကျွမ်း နားလည်မှုမရှိသော သူမ ၊ ဘာကိုမှ ပြင်ဆင်မှု မရှိခဲ့ပေ။ နွားခြေရာခွက်မှ ဖားသူငယ် ပင်လယ်ကို မမြင်ဖူးသကဲ့သို့ ဖြစ်ချင်ရာဖြစ် မင်းမိန့်အာဏာ အသုံးပြုကာ ဇွတ်အတင်း ဆက်လက်ပြုလုပ်ခဲ့သည်။
    ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့သည် စစ်ပြုရင်ဆိုင်တိုက်ခိုက်ရခြင်း မရှိဘဲ သီပေါမင်းနှင့် စုဖုရားလတ်တို့အား နန်းချလျက် မြန်မာပြည်တစ်ပြည်လုံးကို သိမ်းပိုက်လိုက်သည်။ သီပေါမင်းမှာ (၇)နှစ် ထိီးနန်းစည်းစိမ် ခံစားပြီးနောက် မြန်မာပြည်အား အင်္ဂလိပ်လက်အောက်သို့ ပေးခဲ့ရသည်။ ထိုနှစ် နိုဝင်ဘာလတွင် ဗီရိုလှည်းအသီးသီးဖြင့် ဘုရင်၊မိဖုရား မိသားစုနှင့် အသိုင်းအဝိုင်းတို့ကို တင်ဆောင်ကာ မန္တလေး ဂေါ၀ိန်ဆိပ်မှ သူရိယသင်္ဘောဖြင့် အိန္ဒိယပြည်ရှိ မဒရပ်မြို့သို့ခေါ်ဆောင်ကာ ရတနာဂီရိမြို့တွင် အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့မှာ မန္တလေးမြို့တွင် ဆောက်လုပ်လျက်ရှိသော မြတောင်ဘုန်းကြီးကျောင်းတိုက်ကိုပင် ရေစက်ချခွင့် ရမသွားကြပေ။
    ၁၈၈၆ ဧပြီလ၊ မဒရပ်မြို့တွင် စုဖုရားလတ်သည် သမီးငယ်တစ်ပါးကို ထပ်ဖွားမြင်ခဲ့သည်။ ထို့နောက် ရတနာဂီရိတွင် သားငယ်တစ်ပါးကို ထပ်ဖွားမြင်ရာ ငယ်စဉ်ကတည်းက သေဆုံးခဲ့သည်။ သမီးတော်ကြီး အရှင်ထိပ်စုမြတ်ဖုရားကြီးက အိန္ဒိယလူမျိုး တံခါးမှူးဖြစ်သူနှင့် အကြောင်းပါပြီး တုတုဆိုသူ ဘိုင်ဆပ်သမီး လေးကို ဖွားမြင်သည်။ ၁၉၁၂ တွင် စုဖုရားလေး ကွယ်လွန်ခဲ့ပြီး ၁၉၁၆တွင် ဒုတိယမင်းသမီး အရှင်ထိပ်စု မြတ်ဖုရားလတ်က သီပေါဘုရင်၏ အမှုထမ်းတစ်ဦးဖြစ်သူ မြန်မာလူမျိုး ခင်မောင်လတ်နှင့်အိမ်ထောင်ပြုခဲ့ သည်။
    တိုင်းတစ်ပါး၌ သီပေါဘုရင်သည် (၃၁)နှစ်နေထိုင်ခဲ့ပြီး အသက်(၅၈)နှစ် ၁၉၁၆ ဒီဇင်ဘာတွင် ဆီးချို ရောဂါဖြင့် နတ်ရွာစံခဲ့သည်။ စုဖုရားလတ်မှာ မြန်မာပြည်သို့ပြန်လာခွင့်ရခဲ့ပြီး သာမန်အရပ်သူဘဝဖြင့် နေထိုင်သွားကာ ၁၉၂၅၊ ဒီဇင်ဘာတွင် ရိုးစင်းစွာ ဇာတ်သိမ်းခဲ့သည်။
    စုဖုရားလတ် ကွယ်လွန်သောအခါ အမျိုးအဆွေများက မိဖုရား မွေးဖွာကြီးပြင်းရာ မန္တလေးမြို့သို့ ယူဆောင်သဂြိုဟ်ခွင့်တောင်းရာ အင်္ဂလိပ်တို့က ခွင့်မပြုခဲ့ပေ။ ယခုအခါ စုဖုရားလတ်၏ သချိင်္ုင်းကို ရွှေတိဂုံ ဘုရားတောင်ဘက်ရှိ ကန်တော်မင်ပန်းခြံထဲတွင် တွေ့မြင်နိုင်ပါသည်။
    ကုန်းဘောင်ခေတ်ကာလတွင် အဘွားဖြစ်သူ နန်းမတော်မယ်နု၊ သမီး ဆင်ဖြူမရှင်နှင့် မြေးတော်စပ်သူ စုဖုရားလတ်တို့မှာ ထက်မြက်သော မဟေသီ၊ ဒေဝီ၊ ဧကရီများ ဖြစ်ခဲ့ကြသည်။ တိုင်းပြည်ရေး မငြိမ်သက်ဖြစ်နေချိန်တွင် လူလားမြောက်ခဲ့ကြ သူများဖြစ်ကြသည်။
    ထိုမိဖုရားများ လက်ထပ်ပေါင်းသင်းခဲ့သော ဘုရင်အသီးသီးတို့မှာလည်း တစ်နည်းမဟုတ် တစ်နည်း၊ စိတ်သဘောထား နူးညံ့သိမ်မွေ့သူများနှင့် ဘာသာတရား ကိုင်းရှိုင်းသော ဘုရင်များဖြစ်နေသည်ကို တွေ့ရှိရပြန်သည်။ ဆိုရသော်…… ထိုသို့ ပြည်တွင်းပြည်ပ တိုင်းပြည်ရေးရာတွင် ဦးဆောင်မှုမပြုနိုင်သော ဘုရင်များဖြစ်ကြသည့်အတွက် မိန်မသား မိဖုရားများက စိတ်မကျေနပ်၍ ကိုယ်တိုင် မကျွမ်းကျင်ပဲ ၀င်ရောက် စွက်ဖက်ကြသည်ကို တွေ့ရပြန်သည်။ တစ်ဖက်၌လည်း ပြန်ကြည့်သော် ဤသို့ချယ်လှယ်ရန် ထိုမိဖုရားများက စီရင် စီမံခဲ့သည်ကို တွေ့ရပြန်၏။ သို့သော် မည်သို့ပင် ဖြစ်စေကာမူ၊ ဘုရင်များအနေဖြင့် ပင်ကို ထက်မြက်၍ ဦးဆောင်မှုပြုလုပ်နိုင်ပါလျှင် မိမိတို့၏ မဟေသီ၊ဒေဝီ၊ ဧကရီများကို ပါ၀င်လှုပ်ရှားခွင့် ပေးလိမ့်မည် မဟုတ်ပါ။
    ပြန်ကြည့်လျှင် စုဖုရားလတ်သည် သီပေါဘုရင်၏ မိဖုရားခေါင်ဖြစ်လာချိန်တွင် နန်းတွင်းရေးရာနှင့် ပြည်တွင်းပြည်ပ ကိစ္စများစွာတို့ကို ပါ၀င်လုပ်ဆောင်ရန် အတွေ့အကြံု အလွန်နုနယ်ချိန်ဖြစ်သည်။ မိမိ အကျိုးစီးပွားကိုသာ မြင်ပြီး ပတ်ဝန်းကျင်မှ မြှောက်ထိုး သွေးထိုးခြင်းကို အလွယ်တကူယုံကြည်သော သတိ မရှိသူလည်း ဖြစ်ခဲ့သည်။ ပညာရှိ လူကြီးသူမအပြင် မိခင်၏ စကားကိုပါ မနာယူခဲ့ပါ။ ဘုရင့်မဟေသီဂုဏ်ဖြင့် နန်းဓလေ့စည်းကမ်းများကို ချိုးဖောက်ပြီး၊ အလိုရမ္မက်ကြီးကာ ကျေးဇူးမသိတတ်သော စုဖုရားလတ်သည် ကမ္ဘာ့သမိုင်းနှင့်ယှဉ်လာရသောအခါ လက်ညှိုးထိုးရာ ရွှေမဖြစ်လာရုံသာမက မိမိနှင့် ကြင်ရာတော် သီပေါမင်း အပါအဝင် တိုင်းပြည်တစ်ခုလုံးကို နယ်ချဲ့လက်သို့ ပုံအပ်ခဲ့ရသည်။
    ဘယ်လိုဖြစ်ဖြစ် စုဖုရားလတ်သည် မြန်မာပြည်၏ ရာဇဝင် သမိုင်းကြောင်းတွင် သူမ၏ အတ္တ၊ မာန တို့ကြောင့် မြန်မာပြည်အား နယ်ချဲ့လက်သို့ကျရောက်စေခဲ့သူအဖြစ် မော်ကွန်းရေးထိုးခြင်း ခံခဲ့ရသူပင် ဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံးမိဖုရားဖြစ်သူ၏ သမိုင်းကြောင်းမှာ အလွန်းဆိုးရွားစွာ တွေ့မြင်ရပေသည်။
    လင်းဦး(စိတ်ပညာ)
    Read More...
    ပြင်သစ်သမ္မတ ဆေးရုံတက်ပြီးနောက် အနားယူ
  • by
  • Aung Maw
  • တနင်္လာနေ့က ပြင်သစ်သမ္မတရုံးမှ ပြောကြားရာတွင် ပြင်သစ်သမ္မတသည် ပူပြင်းသောရာသီတွင် တဖြည်းဖြည်း ပြေး၍ လေ့ကျင့်ခြင်းနှင့်အလုပ် တာဝန်များ ဖိစီးမှုကြောင့် မူးဝေသည့်ဝေဒနာကို ခံစားရသည့်အတွက် ရက်အနည်းငယ်ခန့် တွေ့ဆုံမှုများကို လျော့ချမည်ဖြစ် ကြောင်း ပြောကြားပါသည်။
    နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် ပြင်သစ် ခေါင်းဆောင်သမ္မတအနေဖြင့် ပင်ပင်ပန်းပန်း အလုပ် လုပ်ကိုင်မှုကြေင့် ဖြည်းဖြည်းပြေးခြင်း လေ့ကျင့်ခန်း ပြုလုပ်ရာမှ နေမကောင်းဖြစ်လာပါကြောင်း၊ ထို့နောက် ဆေးရုံတွင် တစ်ညတာတက်ရောက်ခဲ့ပါကြောင်းနှင့် နှလုံးရောဂါနှင့်ပတ်သက်၍ မဟုတ်ကြောင်းဖြင့် ဆိုပါ သည်။
    ဆေးစစ်ရာ၌ အလုပ်တာဝန်ဖိစီးမှုကြောင့် ပူပြင်းသော ရာသီတွင် ဖြည်းဖြည်းပြေးခြင်းလေ့ကျင့်ခန်းကို စဉ်ဆက်မပြတ်လုပ်သည့်အတွက် သတိမလစ်သော်လည်း မူးဝေခြင်းဝေဒနာကို ခံစားခဲ့ရခြင်းဖြစ်သည်ဟု သမ္မတရုံးထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။
    သံတမန်ရေးရာတွင်လည်းကောင်း၊နိုင်ငံရေးတွင်လည်းကောင်း၊ကျန်းမာရေးတွင်လည်းကောင်း အလွန် အကျူး လုပ်ဆောင်သဖြင့် တက်ကြွလွန်းသောသမ္မတ (Hyperactive President) အဖြစ် လူသိများသော အသက်(၅၄)နှစ်အရွယ်ရှိ ပြင်သစ်သမ္မတသည် တနင်္ဂနွေနေ့က ဗာဆေးရဲတိုက်၏ပန်းခြံတွင် ဖြည်းဖြည်း ပြေးခြင်း လေ့ကျင့်ခန်းကို လေ့ကျင့်ရာမှ မူးဝေသည်ဝေဒနာကို ခံစားခဲ့ရခြင်းဖြစ်ပါသည်။
    ပဲရစ်မြို့ရှိ Val-de-Grace စစ်ဆေးရုံသို့ ဟယ်လီကော်ပတာဖြင့် မပို့ဆောင်မီ သမ္မတသည် လဲလျောင်းနေခဲ့ ့ရပါသည်။ တနင်္လာနေ့တွင် ၎င်း၏ဇနီးနှင့် ဆရာဝန်များခြံရံ၍ ဆေးရုံမှဆင်းခဲ့ပါသည်။ သမ္မတ အနေနှင့် နှလုံးရောဂါနှင့် အခြားစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီးနောက် ဆေးကုသမှုခံယူရန် မလိုဟု ဆေးအကြံပြုချက်များ အရ သိရှိရပါသည်။
    ရက်အနည်းငယ်ခန့်အနားယူရန်ဖြစ်သည်ဟု ဆေးမှတ်ချက်ပြုခဲ့ပြီးနောက် သမ္မတအနေဖြင့် အင်္ဂါနေ့ တွင် ပြုလုပ်ရန်ရှိသည့် တွေ့ဆုံမှုများကို ပယ်ဖျက်ရမည်ဖြစ်ပါသည်။ သို့ရာတွင် ဗုဒ္ဓဟူးနေ့တွင် စီစဉ်ထားသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် သဘာပတိအဖြစ် တက်ရောက်မည်ဖြစ်ပါသည်။
    အစဉ်အလာအားဖြင့် သမ္မတများ၏ ကျန်းမာရေးပြဿနာများနှင့်ပတ်သက်၍ လူသိရှင်ကြား အသိမခံဘဲ လျှို့ဝှက်ထားလေ့ရှိပါသည်။ ပြင်သစ်သမ္မတ ဖရန်ဆွာမီတာရွန်မှာ ၁၉၈၁ခုနှစ်တွင် ရွေးကောက် တင်မြှောက်ခြင်း ခံရပြီး များမကြာမီမှာ ကင်ဆာရောဂါရှိသည်ဟု ဆေးစစ်ချက်များအရ သိရပါသည်။ သို့ရာတွင် ၁၉၉၂ခုနှစ်မှ ၎င်းသတင်းကို ဖော်ပြခဲ့ပါသည်။
    သမ္မတအနေဖြင့် သမ္မတဖြစ်ပြီးနောက် ၎င်း၏နောက်ဆုံးပုံမှန်ကျန်းမာရေးအခြေအနေကို ထုတ်ပြန်ပေးမည်ဟု ကတိပြုခဲ့ပါသည်။ ၎င်း၏ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးဆေးစစ်ချက်ရလဒ်များကို ၂၀၀၉ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ၌ ပုံမှန်အခြေအနေရှိသည်ဟု ဆိုပါသည်။
    လင်းဦး(စိတ်ပညာ)
    Read More...
    Twitter
    အများဖတ်
    Copyright (c) 2010 Myanmar Blogger byLin Oo