ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင် (၈)

Posted on
  • by
  • Aung Maw
  • in
  • Labels: ,
  • ကျွန်တော်သည် ဆရာဦးရဲကျော်မြင့် ( ပဥ္စမံဒီရိုင်း နာမည်ဖြင့် ၀တ္ထုများရေးနေသူ၊ ဇာတ်ညွှန်းများရေးနေသူ) တောင်ဥက္ကလာ ၁၂ရပ်ကွက်တွင် လက္ဘက်ရည်သောက်ပြီး အပြန်တွင်ဖြစ်သည်။ ဆရာ၏ တပည့်ဖြစ်သူ ကျောင်းသူတစ်ဦးနှင့်တွေ့ပါသည်။ သူက ဆရာ့ကို စပြီးနှုတ်ဆက်ပါသည်။ ဆရာကလည်း ပြန်နှုတ်ဆက်ပြီး စာလိုက်နိုင်သလားဟု မေးပါသည်။ ထိုကျောင်းသူမှာ ဒုတိယနှစ် မြန်မာစာ ကျောင်းသူတစ်ဦးပင်ဖြစ်သည်။ ကျွန်တော်သည် ဘာရယ်မဟုတ်ပါ။ ထိုကျောင်းသူဝတ်လာသော တီရှပ်ကို ကြည့်နေမိသည်။ တီရှပ်ကို ကြည့်သည် ဆိုခြင်းထက် ထိုတီရှပ်တွင် ရေးထားသော စာလုံးကို ကြည့်ခြင်းဟုပြောလျှင် ပိုမှန်ပါမည်။ တီရှပ်တွင် ရေးထားသော စာတန်းမှာ “Fucking”ဟု ရေးထိုုးထားလေသည်။ ကျွန်တော့်ကို ဒီလိုရေး၍ ရိုင်းသည်ဟု မထင်ပါနှင့် ။ ၀တ်သူက ၀တ်၍ ရေးသူက ရေးရပါလိမ့်မည်။ ကျွန်တော်ဖတ်မိလိုက်တော့ တော်တော်လေး အံ့ဩမိသည်။ လန့်လည်း လန့်သွားမိသည်။ ဘယ်လိုပါလိမ့် ၊ မိမိ ၀တ်ဆင်ထားသော အကျင်္ီတွင် ရေးထိုုးထားသော စာတန်း၏အဓိပ္ပါယ်ကို မသိလေ၍လား။ ဒါကလည်း ဖြစ်နိုင်မည်လား။ တက္ကသိုလ် တက်နေသော မိန်းကလေးတစ်ယောက်သည် ဒီစာတန်း၏ အဓိပ္ပါယ်ကို နားမလည်ခြင်းမှာ မဖြစ်နိုင်ပေ။ ထို့ပြင် လက်ညှိုးဖြင့် ထောင်ပြထားသော ရုပ်ပုံပင် ပါသေးသည်။ ထိုကျောင်းသူတော့မသိ၊ ကျွန်တော်ကတော့ တော်တော်လေး မျက်နှာပူနေမိသည်။ သူနှုတ်ဆက်ပြီးထွက်သွားတော့ ကျွန်တော်နှင့် ဆရာဦးရဲကျော်မြင့်သည် မိတ္တူဆိုင်တွင် မိတ္တူဝင်ကူးလေသည်။ ကျွန်တော်က ဆရာဦးရဲကျော်မြင့်အား ထိုကျောင်းသူဝတ်ထားသော အကျီင်္မှ စာတန်းရေးထိုးထားတာကို မြင်မိသလားဟု မေးပါသည်။ ဆရာက “အေး...၊ ကိုယ်လည်း ဒါကိုပြောမလို့ပဲ၊ အတန်းထဲရောက်မှ ဆုံးမရမယ်” လို့ ပြန်ပြောပါသည်။ ကျွန်တော့်အမြင်ပြောရလျှင် မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ကော ၊ တက္ကသိုလ်ကျောင်းသူတစ်ယောက်အနေနှင့် ထိုကဲ့သို့သော စာတန်းရေးထိုးထားသော အကျင်္ီကို မဝတ်သင့်ပါ။ ထိုစာလေး၏ အဓိပ္ပါယ်သည် မြန်မာ မိန်းကလေးတစ်ယောက်၏ ဂုဏ်ကို ဘယ်လောက်ထိ ထိခိုက်သွားသလဲဆိုသည်မှာ စဉ်းစားကြည့်ကြပါ။ လှ၍ဝတ်သည်ဖြစ်စေ၊ နောက်ဆုံးပေါ်ဒီဇိုင်းဖြစ်၍ ၀တ်သည်ဖြစ်စေ ထိုကဲ့သို့သော စာတန်းပါသော အကျီင်္ကို မဝတ်သင့်ဟု ကျွန်တော်ထင်သည်။ ထိုအကြောင်းကို သူငယ်ချင်း ကိုမျိုးအားပြောပြရာ ကိုမျိုးမှ ထိုကဲ့သို့ စာတန်းပါသော အကျီင်္နှင့် ပတ်သတ်၍ ဖြစ်ဖူးကြောင်း ပြောပါသည်။ ထိုကဲ့သို့ ၀တ်ထားသော အမျိုးသမီးတစ်ဦးကို နိုင်ငံခြားသားတစ်ယောက်က လိုက်အိပ်မလားဟု ဖိတ်ခေါ်ခံဖူးရကြောင်း၊ ထိုမိန်းကလေးမှာ အရှက်ကွဲခဲ့ကြောင်း သိရသည်။ စာရေးဆရာမတစ်ယောက်ကလည်း ထိုအကြောင်းကို ရေးခဲ့ဖူးသည်။ မြင်ရ ၊ကြားရသည်မှာ စိတ်မသက်သာလှပါ။ ခုခေတ်ပေါ် အဝတ်အစားများနှင့် ပတ်သက်၍ ကျွန်တော့်အနေနှင့် မပြောချင်ပါ။ ခေတ်နောက်ပြန်ဆွဲနေသည်ဟု ထင်ကြပါလိမ့်မည်။ တော်တော်လေး ကသိကအောင့် ဖြစ်၍ ရေးရခြင်းပင်ဖြစ်ပါသည်။ ချက်ပေါ်ဝတ်လာကြသည်များ၊ ချက်တွင် ချိတ်များချိတ်ထား သည်များမှာ အသည်းယားစရာပင်။ ခေတ်အလိုက်ဝတ်တာပဲဟု ပြောကြပါလိမ့်မည်။ မြန်မာမိန်းကလေးများ အနေနှင့် ၀တ်စားဆင်ယင်မှုများတွင် ခေတ်လွန်ဝတ်ခြင်းကို ရှောင်ကြဉ်သင့်သည်။ ထို့ထက် ကိုယ်ဝတ်ထားသော အကျီင်္၏စာတန်းကို ဖတ်ပြီးမှ၊ သို့မဟုတ် အဓိပ္ပါယ်ကို သိမှ ၀တ်ဆင်သင့်ပါကြောင်း စေတနာရှေ့ထားကာ ရေးသားလိုက်ရပါသည်။

    လင်းဦး (စိတ်ပညာ)

    11 comments:

    Emily said...

    အစ်ကိုရေ ဒီပို့စ်လေး ကောင်းတယ်ဗျာ။ ကျွန်တော်လဲ အဲဒါမျိုးတွေ တွေ့ဖူးတယ်။ မမိုက်ဘူးဗျာ။ အခုခေတ် မိန်းကလေးတွေကလဲ ပြောရင် မကြိုက်ကြဘူးဗျ။ ဒါပေမဲ့ အခုလိုမျိုး ၀တ်ပုံစားပုံနဲ့ ပတ်သတ်လို့ အကို ပြောသလိုမျိုး အရှက်ကွဲသွားတဲ့ မိန်းကလေး အဖြစ်မျိုး ခံစားဖူးမှ နားလည်ကြလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် ဒီပို့စ်လေး အတွက် ကျေးဇူးတင်တယ်ဗျာ။

    Mintasay said...

    a\it's good post, nyi

    Layma said...

    ဒီလို ၀တ်စားဆင်ယင်ရင် ယောကျ်ားလေးတွေက ဒီလို မြင်တယ်..ဒီလို အထင်သေးတတ်တယ်..ဒီလို ကဲ့ရဲ့တတ်တယ်ဆိုတာ အမျိုးသမီး ထု သိဖို့ လိုအပ်နေပါတယ်...။ ဒီပို့စ်အတွက် ကျေးဇူးပါ...။
    နဂိုအနက်ကို အရောင်ချွတ်ပြီး နီကြောင်ကြားဆိုးထားတဲ့ စုတ်တိစုတိဖွား ဆံပင်နဲ့ မိန်းကလေးကို ရော ယောကျ်ားလေးတွေ ဘယ်လို မြင်..ဘယ်လို ခံစားပြီး ဘယ်လိုကြည့်တယ်ဆိုတာလေး ရေးပါဦး..လို့ တောင်းဆိုပါတယ်..။

    ရွှန်းမီ said...

    ဟုတ်ကဲ့.. ပြောသင့်ပါတယ်.. ပြောရမှာပါ ..
    အဲဒီလို အဝတ်မျိုးကို အိမ်နေရင်း ကိုယ့်အခန်းထဲကိုယ် ၀တ်ရင်တောင် မိဘ သူငယ်ချင်း တွေနဲ့ နေရင် မသင့်တော်လှပါဘူး..
    စိတ်သိပ်မငြိမ်တဲ့သူတွေ အဲလို လူကြည့်တာခံချင်လို့ အပြောခံချင်လို့ သူများကို စိတ်နောက်သွားအောင် လုပ်ရမှ နေသာထိုင်သာရှိတတ်လို့ ဆိုတဲ့သူတွေကတော့ အဲဒီလို ကြိုးစားပမ်းစား ၀တ်စားကြပါတယ်. .အဲဒါတွေကို အထင်တကြီး လိုက်တုစရာ မဟုတ်ပါဘူး..
    စိတ်ဖိစီးမှုများပြီး လျစ်လျူရှုခံရတဲ့ လူငယ်တွေ များတဲ့နေရာမှာ ဖြစ်တတ်တဲ့ ၀တ်စားဆင်ယင်ပုံလေးပါ.. လေးစားအားကျ အထင်ကြီး မခံရရင်တောင် ရှုတ်ချခံချင်လို့ တစ်ခုခု လုပ်ရတာမျိုးပါ (သနားဖို့ ကောင်းပါတယ်)..
    တစ်ခုခု အတုယူချင်တယ်ဆိုရင် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်နဲ့ တော် မတော် ကြည့်တတ်တဲ့ ဉာဏ်ရှိမှ ခေတ်မီတယ် လို့ ခေါ်ပါတယ်..

    maungkaung said...

    အကိုအမြင်တွေကို ကြိုက်တယ်ဗျာ.. တကယ်လည်းရေးသင့် သတိပေးသင့်တဲ့ အရာတွေပါ.. ခေတ်မှီချင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနေမှာပေါ့ အကိုရာ.. တကယ်တော့ ခေတ်မှီဖို့ဆိုတာ စိတ်ဓါတ်ပိုင်းဆိုင်ရာ မြင့်မားတိုးတတ်လာရမယ်ဗျ.. အဝတ်အစားဆိုတာ ခေတ်မှီလာတာနဲ့ ခေတ်မှီတယ်လို့ ပြောလို့မရဘူး.. အပြင်ပိုင်းခေတ်မှီနေတာဟာ ကျီးအာသီး နဲ့တူသဗျ.. အပေါ်ရံလှပြီး အတွင်းက ပိုးလောက်အတိ ဖြစ်တတ်တယ်.. လူငယ်တွေ အမြင်မကျယ်ပဲ အတုယူမှား
    တတ်ကျတာပေါ့ဗျာ.. ပြီးတော့ မြန်မာ ယဉ်ကျေးမှု အနေနဲ့ကြည့်ရင် ဘယ်လိုမှကို မအပ်စပ်ပါဘူး.. ရေးသားပေးပါ အကို.. နောက်ထပ်လဲ တွေ့မြင်လာရင် ဆက်လက်ရေးသားပေးပါဦးလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ.. အဆင်ပြေပါစေ..

    Heartmuseum said...

    အနောက်နိုင်ငံတွေ မှာလည်း မိန်းကလေးတွေ မဝတ်ကြပါဘူးဗျာ။ ၀တ်တဲ့ယောကျာင်္း ၁၊၂ယောက် တွေ့ဖူးပါတယ်။ အားလုံးကအထင်သေးတဲ့ အကြည့်နဲ့ပဲ
    ကြည့်ကြတာပါပဲဗျာ။ ယောကျာင်္း၊မိန်းမ ဘယ်သူပဲဝတ်ဝတ်
    အားလုံးက အထင်သေးပါသည် ခင်ဗျား။

    ကိုထိုက် said...

    ဒီလိုအဖြစ်ပျက်မျိုးကို ကျွန်တော် ၁၀ တန်းကျူရှင် တက်တုန်းကကြံုဖူးတယ်.. အဲဒီလောက်တော့ မရိုင်းပါဘူး Follow me တဲ့ အဲဒီတုန်းက မြန်မာမ လေးတွေ တော်တော်များများ ၀တ်ကြတယ်.. ကျူရှင်ဆရာက ထောက်ပြဘူးတယ်.. ရေးသင့်တယ်ဆရာ.. မြန်မာပြည် မှာ ဂျာနယ်တွေထဲမှာ တောင်ထည့်ရေးသင့်တယ်။

    Prizewai said...

    အားပေးတယ်။ ကိုလင်းဦးရေ
    များများရေးပေးပါ။ ဒါမျိုးလေးတွေ

    မေသစ္စာမောင် said...

    ကောင်းတယ်ကိုလင်းဦးရေ.. အားပေးတယ် ပညာပေးပို့စ်လေးကို။

    Cypher said...

    ကောင်းပါတယ်ဗျာ။ တကယ်က ဟိုနိုင်ငံတွေမှာလည်း အဲလို ခပ်ရိုင်းရိုင်း အဝတ်အစားတွေက ကလပ်တကာ လှည့်နေတဲ့ ဂေါ်လီမလေးတွေပဲ ၀တ်ကြတာပါဗျာ။ တကယ့် ဂုဏ်သရေရှိ မိန်းမတွေက အဲလောက် သရုပ်မပျက်ကြပါဘူး။ မြန်မာမိန်းကလေးတွေ အနေနဲ့ နိုင်ငံခြားကလာတယ်ဆိုပြီး အဝတ်အစားလှတိုင်း လိုက်ဝတ်လို့ မဖြစ်ပါဘူး။ လူဆိုတာ ကိုယ်နဲ့ လိုက်ဖက်မယ့် အဝတ်အစားကို ၀တ်တတ်မှ စတိုင်ကျ ခေတ်မီတယ်လို့ သတ်မှတ်လို့ရတာပါ။

    ဇင် said...

    ကောင်းလိုက်တဲ့ ပိုစ့်လေးဘဲ ...များများ လေး ရေးပေးပါရှင် ..ဒါတောင်မြန်မာပြည်ဘဲ ရှိသေးတယ် ဒီက မြန်မာတွေဆို ပိုတောင်ဆိုးသေး လိုက်မမီဘူး.....အားလုံးကိုတော့မပြောပါဘူး 100% မှာ 30% လောက်ဘဲကောင်းပါတယ် ....ကိုယ်ကိုတိုင် တောင်မြန်မာလို့တောင် ယူဆကြရဲ့မသိတော့ဘူ ....မြန်မာမှာမွေး ဒီမှာကြီးတဲ့ ကောင်မလေးတွေဆို ရင် မြန်မာ ဓလေ့ မြန်မာ အယူကိုတောင်မယူတော့ဘူး ....ယူလိုက်တဲ့ အယူကလည်း ပြောချင်စိတ်တောင်မရှိတော့ပါဘူး ရော ....အကောင်းဆုံးက ကိုယ်ကိုကိုယ်ထိန်းတာအကောင်းဆုံးဘဲ .....ဒါပေမဲ့ငါဟာမြန်မာဆိုတဲ့ စိတ်ဓါတ်ကိုတော့ မပစ်ပယ်လိုက်တာ အကောင်းဆုံးပါဘဲ.....

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo