အခုပြောမည့် အကြောင်းကိစ္စမှာ သတင်းမှားများ ကြားနေရ၍ မနေသာတော့ပဲ ရေးလိုက်ရခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်ပြောချင်သည်မှာ သတင်းများကို ရေးရာတွင် မိမိ၏သတင်း ခိုင်မာ မှန်ကန်မှုရှိမှသာ ရေးသားဖော်ပြ သင့်ကြပါသည်။ သတင်းမှာ ခိုင်မာမှုမရှိဘဲ သတင်းဦးအောင်တင်ခြင်းသည် စာဖတ်သူများအား လွဲမှားသော အတွေး ၊ မှားယွင်းသော သတင်းအချက်အလက်များကိုသာ ပေးခြင်းပင် ဖြစ်ပါသည်။
Air Bagan လေယာဉ် ဖြစ်ပျက်သွားသည့် ကိစ္စနှင့် ပတ်သက်၍ သတင်းများ အမျိုးမျိုး ကြားသိနေရပါသည်။ ရရှိသည့်သတင်းအား မိမိလိုရာဆွဲသွင်းပြီး သတင်းပေးခြင်းမှာ စိတ်ပျက်ဖွယ်ကောင်းလှပါသည်။ ကျွန်တော် အခုရေးမည်မှာ လေယာဉ်တိမ်းမှောက်မှု၏ ဖြစ်ပျက်ရသည့်အကြောင်းရင်းနှင့် ပတ်သက်၍ အတိတလင်း ရေးသားဖော်ပြမည် ဖြစ်ပါ၏။
၁၉-၂-၂၀၀၈ ရက်နေ့၊ ပူတာအိုမှ မြစ်ကြီးနားသို့ ပျံသန်းမည့် Air Bagan လေယာဉ်။ လေယာဉ်ပေါ်တွင် ခရီးသည် ယောကျ်ား(၃၆)ဦး၊ ခရီးသည် အမျိုးသမီး (၁၆)ဦး နှင့် လေယာဉ်ဝန်ထမ်း (၈)ဦး ပါ၀င်ပါသည်။ လေယာဉ်စတင်ထွက်ခွာပြီး ပြေးလမ်းကြောင်းပေါ် အချိန်ယူချိန်တွင် လေယာဉ်မှူးမှာ အရေးပေါ်အချက်ပေး မီးနီတစ်လုံး အချက်ပြနေသည်ကို တွေ့ရှိလိုက်ပါတော့သည်။ ထို လေယာဉ်မှူးမှာ လေယာဉ် အန္တရာယ် ကျရောက်တော့မည်ကို ချက်ချင်းသိလိုက်ပါသည်။ လေယာဉ်မှာလည်း ပြေးလမ်းကြောင်းပေါ်တွင် တက်ရန် အချိန်ယူနေချိန်၊ အရှိန်ကလည်း ရနေပြီ။ သူဘာကိုမှ မစဉ်းစား အကြောင်းမကြားနိုင်တော့။ လေယာဉ်ကို ချက်ချင်းရပ်ရန် ဘရိတ်ဘားကို ဆွဲယူလိုက်ပါတော့သည်။ လေယာဉ်မှာ အရှိန်ဖြင့် တိမ်းစောင်းမှောက်သွား ပါတော့သည်။ လေယာဉ်မှူးမှာ လက်များ ပေါက်ပြဲ ဒဏ််ရာရသည်မှလွဲ၍ အသေအပျောက် မရှိခဲ့ပါ။ လေယာဉ်မှာတော့ လေယာဉ်ဦးခေါင်းကြေသွားကာ၊ လေယာဉ်၏ ၀ဲဘက်တောင်ပံ ကျိုးသွားပြီး ဘယ်ဘက် အင်ဂျင် ပြုတ်ကျခဲ့ပါသည်။ ခရီးသည်များလည်း ဒဏ်ရာရခဲ့ပါသည်။ အရှိန်မှာ မများသေး၍သာ တော်တော့သည်။
ထိုအဖြစ်အပျက်ကို သေချာ စမ်းစစ်ကြည့်လိုက်သောအခါ လေယာဉ်မှူးသည် စိုးရိမ်လွန်ကဲခဲ့သည်။ သူတတ်ထားသော ကျွမ်းကျင်မှုနှင့် အတွေ့အကြံုများကို အသုံးမချနိုင်ခဲ့ပါ။ သူ့ကို အပြစ် ပြောနေခြင်း မဟုတ်ပါ။ အမှန်တကယ်ဆိုလျှင် ထိုမီးနီသည် တကယ့်အန္တရာယ် ဖြစ်နိုင်သော အချက်ပြမီး ဖြစ်သည်။ ထိုမီးနီသည် လေးလုံးရှိပါသည်။ မီးနီ လေးလုံးလုံး လင်းသည့်တိုင်အောင် လေယာဉ်သည် လေပေါ်တွင် ၄၅မိနစ် ပျံသန်းရန် အချိန်ရပါသေးသည်။ ထို့နောက်မှသာလျှင် အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ဖြစ်ပွားချိန်တွင် မီးနီမှာ တစ်လုံးသာလျှင် လင်းနေပါသည်။ ကျန် မီးနီ သုံးလုံးလင်းဖို့အပြင် အချိန် (၄၅)မိနစ် ရှိပါသေးသည်။ လေယာဉ်မှူး အနေနှင့် အချိန်များစွာရပါသည်။ အကြောင်းကြားဖို့အချိန်တွေအများကြီး ရှိသေးသည်။ လေယာဉ်ကို အရှိန်သတ်ရန် အချိန်တွေ အများကြီးရှိပါသေးသည်။ သူ့ဘက်က ကြည့်ပြန်လျှင်လည်း လေယာဉ်ပေါ်တွင် ပါလာသော ခရီးသည်များအား ဒုက္ခမရောက်စေရန် ပြုလုပ်ခဲ့ခြင်းသာပင်။
သို့သော်လည်း အချိန်များစွာရှိပါလျက် ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်၍ မဖြစ်သင့်သော ဆုံးရှုံးမှုများ ဖြစ်ခဲ့ရသည်။ ခရီးသည်များ အထိတ်တလန့် ဖြစ်ခဲ့ရသည်။ ထိခိုက်ဒဏ်ရာများ ရခဲ့ရသည်။ လေယာဉ်အား မတက်မီ သေချာစွာ စစ်ဆေးသင့်ပါသည်။ ပြီးခဲ့သော ၂ရက်နေ့တွင်လည်း ဂျက်တစ်စင်း အတက်တွင် လေယာဉ်ဝဲဘက်မှ မီးများလောင်နေသည်ကို တွေ့ရသည်။ သို့သော်လည်း လေယာဉ်ကို ကောင်းစွာ ထိန်းသိမ်းနိုင်ခဲ့ပေသည်။ ကျွန်တော်တို့နိုင်ငံ မြန်မာ့လေကြောင်းတာဝန်ရှိသူများ အနေနှင့် လေယာဉ်ကို ကောင်စွာ စစ်ဆေးပြီးမှ ထွက်ခွာရန် ခွင့်ပြုသင့်ပါသည်။
ကျွန်တော် ထပ်လောင်း ပြောဆိုချင်သည်မှာ သတင်းအမှားများအား ပေးခြင်းပင်ဖြစ်ပါသည်။ မန္တလေး မီးလောင်မှုတွင်လည်း လူအများ အထင်လွဲမှုများဖြစ်အောင် သတင်းများကို ချဲ့ကားကာ ရေးသားကြသည်။ မီးသတ်ဌာနမှ ကြိုးစားမှုများကိုတော့ ဖော်ပြခြင်း မရှိခဲ့ပါ။ ထိုအကြောင်းများအား ကိုဂျူလိုင်မှ အကျယ်တဝင့် ရေးသားဖော်ပြခဲ့ပြီးဖြစ်၍ ကျွန်တော့် အနေနှင့် မဖော်ပြတော့ပါ။

လင်းဦး (စိတ်ပညာ)
2 comments:
I'm not sure the accuracy for the pictures of the damaged airplane which I had received a week ago thru chain mail. But, it seems the plane was broken in half. Is it photo-shoped or real picture? Got no clue already. In this time of rapid media, self judgment is not enough anymore. Juz my 2 cents !
လေယဉ်မထွက်ခွာခင်မှာ သေချာစစ်ဆေးဖို့လိုသလို လေယာဉ်မှုးတွေကိုလည်း သေချာလေ့ကျင့်သင်တန်းပေးဖို့လိုတယ်လို့ထင်မိတယ်။ တခုခုကြံုတော့ ဗျာယာခတ်ဘာလုပ်ရမှန်းမသိဘူးဆိုတာ အတွေ့ကြံုနည်းတာလဲပါနိုင်တယ်။ လူအများကြီးကို သယ်ယူပို့ဆောင်ပေးဖို့ တာဝန်ယူတဲ့လေယာဉ်မှုးတစ်ယောက်အနေနဲ့ မှန်းလို့မရတဲ့ဘေးဥပဒ်တွက် အမြဲတမ်းအဆင့်သင့်ဖြစ်အောင် ၊ ပြသာနာကိုခေါင်းအေးအေးထားဖြေရှင်းတက်အောင် လေ့ကျင့်ပေးသင့်တယ်လို့ထင်တယ်။ (ဒါကတော့ ညီမအထင်တွေမို့ အမှားပါရင် သီးခံပေးပါ)
Post a Comment