ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်သတင်း

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,
  • ကျောက်တံတားမြို့နယ်၌ ၂၀၀၈ ခုနှစ်၊ ဧပြီ ၂၀ ၁၉၅၅ ချိန် ပေါက်ကွဲမှုဖြစ်စဉ်
    ၂၀၀၈ ခုနှစ်၊ ဧပြီ ၂၀ ၁၉၅၅ ချိန်တွင် ကျောက်တံတားမြို့နယ်၊ (၃)ရပ်ကွက်၊ (၃၆)လမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့် အနီးရှိ “ABC” စားသောက်ဆိုင်ဘေး (၃၆)လမ်းတွင် ရပ်ထားသည့် တက္ကစီ ယာဉ်အမှတ်(ခခ/၁၀၂၉) SUBARU အမျိုးအစား ယာဉ်ရှေ့ဘက်ခြမ်းနှင့် ဘယ်ဘက်ပလက်ဖောင်းကြားတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် အဆိုပါယာဉ် ရှေ့လေကာမှန် အက်ကွဲခြင်း၊ ဘယ်တံခါး ပိန်ချိုင့်ပြီး မှန်အက်ကွဲခြင်း၊ နောက်ဆွဲတံခါးမှန်ကွဲခြင်းများနှင့် ရှေ့ဘီးပေါက်ခြင်းများ ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှု ဖြစ်စဉ်နေရာ၏ တစ်ဘက်ယာဘက်ခြမ်းအနီးတွင် ကြောင်နက်တစ်ကောင် ဗိုက်ပွင့်သေဆုံးနေသည်ကို တွေ့ရှိရပြီး လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ခြင်း မရှိခဲ့ပါ။ ပေါက်ကွဲမှုဖြစ်စဉ်အနီး ရပ်ထားသည့် ခခ/၁၀၂၉ ယာဉ်မှာ ၂၀၀၈၊ ဧပြီ ၁၉ ၁၉၀၀ အချိန်မှ စတင် ကားရပ်ထားခြင်းဖြစ်ကြောင်း၊ ယာဉ်ပိုင်ရှင်မှာ ဒေါ်ယာဉ်မေညွန့် (၅၅)နှစ်၊ (ဘ)ဦးဘသန်း၊ (အမှတ် ၁၀၉၊ ပထမထပ်၊ ၃၆လမ်း၊ ၃ ရပ်ကွက်၊ ကျောက်တံတား မြို့နယ် နေသူ) ဖြစ်ကြောင်း သိရပါသည်။ အဆိုပါယာဉ်မှာ ယင်းနေရာအနီးတွင် နေ့စဉ်ရပ်ထားလေ့ရှိသည့် ယာဉ်ဖြစ်ကြောင်း သိရသည်။

    ပန်းဘဲတန်းမြို့နယ်၌ ၂၀၀၈ ခုနှစ်၊ ဧပြီ ၂၀ ၂၁၁၀ ချိန် ပေါက်ကွဲမှုဖြစ်စဉ်
    ၂၀၀၈ခုနှစ်၊ ဧပြီ ၂၀ ၂၁၁၀ ချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ (၁၁)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် (၃၂)လမ်းထောင့်ရှိ “ကုန်သည်ကြီးများဟိုတယ်” နောက်ဘက်တွင် ရပ်ထားသော ဒေါ်လှကြည် (ဘ)ဦးစံလွင်၊ အမှတ်(၁၈)၊ မနော်ဟရီလမ်း၊ ဌေးကြွယ်ရပ်ကွက်၊ မလွှကုန်း၊ တာမွေမြို့နယ်ပိုင် TOYOTA CORONA GX SALON အဖြူရောင် ပ/၇၀၆၂ ယာဉ်အောက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် ၀မ်းဗိုက်အောက် လမ်းပေါ်တွင် (၅)လက်မအကျယ် (၂)လက်မခန့်ရှိ ကျင်းတစ်ခုဖြစ်ခဲ့ပြီး၊ ယာဉ်နောက်ထိုင်ခုံနှင့် ယာဘက်ခြေနင်း ပျက်စီးခြင်း၊ ယာဉ်ကြမ်းပြင် (၁၂)လက်မခန့်ပေါက်ခြင်း၊ နောက်ဘန်ကာဘာ ပြုတ်ထွက်ခြင်း၊ နောက်လေကာမှန် ပြုတ်ထွက်ခြင်း၊ ၀ဲအလှဆင်တန်းပြုတ်ခြင်း၊ ၀ဲရှေ့ဘီး ပေါက်ခြင်း၊ ၀ဲအချက်ပြမီး ပြုတ်ခြင်းတို့ ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် ကုန်သည်ကြီးများ ဟိုတယ်မှ ၀န်ထမ်းဖြစ်သူ စိုးဇော်ဟိန်း(၂၀)နှစ် (House Keeping)သည် ခြေထောက်တွင် ဗုံးစ အနည်းငယ် ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါ မော်တော်ယာဉ်သည် ကုန်သည်ကြီးများဟိုတယ် လုံခြံုရေးကင်မရာတပ်ဆင်ထားသော နေရာတွင် ရပ်တန့်ထားခြင်း ဖြစ်သဖြင့် လုံခြံုရေးကင်မရာအား ပြန်လည်စစ်ဆေးရာ ၂၁၀၀ အချိန်ခန့်၌ တီရှပ်မီးခိုးရောင်၊ သရီးကွာတား ဘောင်းဘီနက်ပြာရောင် ၀တ်ဆင်ထားသော အရပ်(၅)ပေ၊ (၆)လက်မခန့် အသားလတ်၊ ဆံပင်ဂုတ်ထောက်၊ နဖူးပြောင်၊ မျက်နှာသွယ်၊ အသက်(၃၀)နှစ်ခန့်ရှိသူ အမျိုးသားတစ်ဦးမှ ကျွတ်ကျွတ်အိတ် အစိမ်းရောင်ဖြင့် ထုတ်ထားသော အထုပ်တစ်ထုပ်ကို မော်တော်ယာဉ် ၀မ်းဗိုက်အောက်သို့ ထည့်သွင်းခဲ့သည်ကို တွေ့ရှိရကြောင်း သိရှိရသည်။

    လင်းဦး (စိတ်ပညာ)


    0 comments:

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo