(၂၀-၅-၂၀၀၈) အင်္ဂါနေ့၊ ကင်တာကီနှင့် အိုရီရွန်ပြည်နယ်(၂)ခုတွင် ဒီမိုကရက်တစ်ပါတီ၏ ပြည်နယ်အဆင့် ရွေးကောက်ပွဲများ

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,

  • ဘာရက်အိုဘားမား
    အိုရီရွန်ပြည်နယ်တွင် မဲအရေအတွက်၏ (၆၃)%ဖြင့် အနိုင််ရရှိခဲ့
    ပြည်နယ်နှင့် ဒေသအဆင့် (၂၈)ခုတွင် အနိုင်ရ
    မဲပေးသူ (၁,၉၅၆)ဦး ရရှိ


    ဟီလာရီကလင်တန်
    ကင်တာကီပြည်နယ်တွင် မဲအရေအတွက်၏ (၆၅)%ဖြင့် အနိုင်ရရှိ
    ပြည်နယ်နှင့်ဒေသအဆင့် (၂၀)ခုတွင် အနို်င်ရ
    မဲပေးသူ (၁,၇၇၆)ဦး ရရှိ


    ရွေးကောက်ပွဲကျင်းပခဲ့သည့် နေရာများ
    Hillary Cliton အနေဖြင့် ကင်တာကီပြည်နယ်တွင် အပြတ်အသတ် အနိုင်ရရှိသကဲ့သို့ အိုရီရွန်ပြည်နယ်တွင် Obama အနေဖြင့် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအမည်စာရင်းအတွက် ယှဉ်ပြိုင်ပွဲတွင် မဲပေးကိုယ်စားလှယ် အများစု၏ မဲကို ရရှိခဲ့ပါသည်။

    Clinton အနေဖြင့် ကင်တာကီပြည်နယ်တွင် အမှတ် ၃၀ထက် ရရှိခဲ့သော်လည်း Obama အနေဖြင့် အိုရီရွန် ပြည်နယ်တွင် မဲပေးသူကိုယ်စားလှယ် (၅၁)ဦးကို ရရှိခဲ့သဖြင့် အနည်းဆုံး သတ်မှတ်ချက်ကို ကျော်လွန်ရရှိသွားသည်ဟု CNN သတင်းဌာနက ခန့်မှန်းပါသည်။

    Obama အနေဖြင့် ကင်တာကီပြည်နယ်တွင် အနည်းဆုံး မဲပေးကိုယ်စားလှယ် (၁၄)ဦးကို ရရှိခဲ့သည်ဟု ခန့်မှန်းကြပါသည်။ CNN သတင်းဌာနက ပြည်နယ်နှင့် ဒေသအဆင့်ဆင့် အားလုံးတွင် မဲပေးသူဦးရေ ၃၂၅၃ဦး အနက် ၁၆၂၇ဦးကို ရရှိသည်ဟု ခန့်မှန်းပါသည်။ Obama ၏ ထိပ်တန်းဗျူဟာမှူး David Axelrod က မဲပေးသူ ကိုယ်စားလှယ်အများစုကို ရရှိမှုသည် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သော်လည်း သမ္မတလောင်း ယှဉ်ပြိုင်ပွဲလမ်းဆုံးမဟုတ်သေးကြောင်း ပြောဆိုပါသည်။

    ဒီမိုကရက်တစ်အနေဖြင့် သမ္မတလောင်းအမည်စာရင်း ရရှိရန် သတ်မှတ်ထားသော ကိုယ်စားလှယ် ၂၀၂၆ဦး အရေအတွက်ကို မည်သူမျှ ရနိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။ ဆိုလိုသည်မှာ ပါတီအရာရှိများနှင့် ရွေးကောက်ပွဲ တင်မြှောက်ခံရသောအရရှိများ ပါ၀င်သည့် မဟာမဲပေးကိုယ်စားလှယ်များ (Superdelegates)က ဩဂုတ်လတွင် ကျင်းပမည့် ဒီမိုကရက်တစ် ကွန်ဗင်းရှင်းညီလာခံတွင် သမ္မတလောင်းယှဉ်ပြိုင်ပွဲ၏ အမည်စာရင်းကို အဆုံးအဖြတ်ပေးမည့်မဲကို ပေးကြလိမ့်မည်ဟု ဆိုလိုပါသည်။

    Obama အနေဖြင့် အထွေထွေရွေးကောက်ပွဲကို ဆက်လက်မျှော်လင့်လျက်ရှိပြီး ရီပါဘလီကန်ပါတီမှ John Mac Cain ကို ဦးတည်တိုက်ခိုက်လျက် ရှိပါသည်။ John Mac Cain ၏ ပေါ်လစီများသည် ပြောင်းလဲမှုကို ကိုယ်စားမပြုဟု ဝေဖန်ခဲ့ပါသည်။ Clinton အား သူမ၏ သတ္တိ၊ သူမ၏စွမ်းဆောင်မှုနှင့် သူမ၏ ဇွဲရှိမှုကို Obama က ချီးကျူး ပြောကြားခဲ့ပါသည်။

    Clinton က မိိမိအောင်ပွဲရရှိမှုအတွက် သူမကို ထောက်ခံသူများအား အောင်မြင်မှုကို လက်ကမ်းပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ယနေ့ညသည် အရေးကြီးသည့် အောင်ပွဲတစ်ခုကို မိမိတို့ ရရှိခဲ့ပါကြောင်းနှင့် မိမိကို ယုံကြည်မှုရှိကြောင်းပြသည့်အနေဖြင့် မဲပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။ Clinton အနေဖြင့် ကင်တာကီပြည်နယ်တွင် Obama ကို အသက်အပိုင်းအခြားအားဖြင့် သော်လည်းကောင်း၊ ၀င်ငွေ အပိုင်းအခြားအားဖြင့်သော်လည်းကောင်း၊ ပညာရေးအပိုင်းအခြားအားဖြင့်သော် လည်းကောင်း အားလုံးတွင် အနိုင်ရရှိခဲ့ပါသည်။

    လက်ရှိမဲရုံများ၏ အဆိုအရ ကင်တာကီပြည်နယ်တွင် ၈၉% မဲပေးသူများမှာ လူဖြူများ ဖြစ်ပါသည်။ ၎င်းတို့ထဲတွင် Clinton က ရ၂.၂၂ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။ ၉% မဲပေးသူများမှာ အာဖရိက-အမေရိကန်လူမျိုးများဖြစ်ပြီး ၎င်းတို့က Obama ကို ၈၇.၇ ရာခို်င်နှုန်းဖြင့် မဲပေးခဲ့ကြသည်။ မဲရုံများ၏ အဆိုအရ Clinton ၏ ထောက်ခံသူ ၃ပုံ ၂ပုံက ၎င်းတို့အနေဖြင့် Obama ကို မဲပေးမည့်အစား ရီပါဘလီကန်ကိုသာ မဲပေးမည်၊ သို့မဟုတ် မဲမပေးဘဲ နေမည်ဟု ဆိုပါသည်။

    Clinton ၏ ထောက်ခံသူ ၄၁%က Mc Cain ကို မဲပေးမည်ဖြစ်ပြီး ၂၃%က မဲမပေးဟု ဆိုပါသည်။ မဲရုံများ၏ အဆိုအရ ၃၃%သာ Obama ကို အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည်ဟု ဆိုပါသည်။ ယခုအရေအတွက်အရ Obama ၏ အခြေအနေကို ပိုမိုဆိုးရွားစေပါသည်။ ယခင်အပတ် အနောက် ဗာဂျီးနီးယားပြည်နယ်တွင် Clinton ကို မဲပေးသူများ၏ ၃၆%သည် Obama ကို ထောက်ခံမည်ဟု ဆိုခဲ့ကြပါသည်။

    Obama က ပြောကြားရာ၌ မိမိတို့ပါတီအနေဖြင့် လာမည့်လများအတွက် စည်းရုံးမှုနှင့် စွမ်းအင်များ လိုအပ်ပါကြောင်း၊ မိမိတို့ပါတီ၏ ပြည်နယ်အဆင့် ရွေးကောက်ပွဲများသည် ရှည်ကြာပြီး ခက်ခဲစွာ ယှဉ်ပြိုင်ရပါကြောင်း၊ မိိမိတို့ခရီး၏ အခက်အခဲဆုံးနှင့် အရေးအပါဆုံးအပိုင်းသည် ရှေ့တွင် ရှိနေပါကြောင်း ပြောကြားခဲ့ပါသည်။ Obama သည် Clinton ကို ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့်များတွင် ပြည်နယ်အရေအတွက်အရလည်းကောင်း၊ ကျော်ကြားမှု မဲအရေအတွက်အရ လည်းကောင်း၊ အသာရရှိထားသော်လည်း ဒီမိုကရက်တစ်ပါတီပြိုင်ပွဲတွင် အနိုင်ရရှိပြီဟု ကြေငြာခြင်း မပြုမိရန် သတိထားရမည် ဖြစ်ပါသည်။ အကြောင်းမှာ Obama အနေဖြင့် လုံလောက်သော မဲပေးသူ အရေအတွက် မရရှိသေးသကဲ့သို့ Clinton အနေဖြင့် အနိုင်ရရန် အခွင့်အရေးရှိနေဆဲ ဖြစ်ပါသည်။ သူမအား အကြမ်းဖျဉ်းအားဖြင့် ကိုယ်စားလှယ်များ (Superdelegates) ၈၀၀ ခန့်က ထောက်ခံပါက သမ္မတလောင်း အမည်စာရင်းကို ရရှိနို်င်သည့် အခြေအနေရှိနေပါသည်။

    Clinton က ကင်တာကီပြည်နယ်တွင် မိမိအနေဖြင့် သမ္မတလောင်းအမည်စာရင်းထွက်သည်အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် ယနေ့၊ မနက်ဖြန် သို့မဟုတ် နောက်နေ့တည်းနှင့် အနိုင်မရရှိနိုင်ကြောင်း ပြောကြားသွားခဲ့ပါသည်။ Clinton အနေဖြင့် ပြည်နယ်ဆင့်များတွင်သာ ဦးဆောင်နိုင်ခဲ့ပြီး ခရိုင်အဆင့်များတွင် ဦးဆောင်နိုင်ခြင်း မရှိသည့်အပြင် ကျော်ကြားမှုမဲကိုလည်း ဖလော်ရီဒါ ပြည်နယ်များတွင်သာ ရရှိခဲ့ပါသည်။ Clinton က ပြည်နယ်များတွင် မိမိအနိုင်ရရှိခဲ့သော ရွေးကောက်ပွဲ မဲအရေအတွက် စုစုပေါင်းမှာ ၃၀၀ ရှိပါကြောင်း၊ ရီပါဘလီကန်ပါတီကဲ့သို့ ဥပဒေခြင်း တူညီပါက ယခုပင် ပါတီ၏ သမ္မတလောင်း အမည်စာရင်းရရှိပြီဖြစ်ကြောင်း၊ သို့ရာတွင် မိမိတို့၏ ဥပဒေမှာ မတူညီသည့်အတွက် မည်သူသည် ရွေးကောက်ပွဲ မဲအရေအတွက်၂၇၀ကို ရရှိမည်ကို တွက်ချက်ရမည်ဖြစ်ပါကြောင်း၊ မိမိ၏ ပြိုင်ဘက် Obama သည် စုစုပေါင်း ၂၁၇မဲ ရရှိထားပါကြောင်း ပြောကြားခဲ့ပါသည်။


    ကျွန်တော် ဤဆောင်းပါးရေးနိုင်ရန်အတွက် BBC နှင့် CNN သတင်းဌာနများမှ သတင်းများအား ဆီလျော်အောင် ပြန်ဆို ရေးသားပါသည်။ သို့ဖြစ်ပါ၍ တစ်စုံတစ်ရာ အမှားအယွင်းပါသွားခဲ့ပါလျှင် မိမိဘာသာပြန် ညံ့ဖျင်းမှု၊ မိမိ၏ တာဝန်သာ ဖြစ်ပါကြောင်း .....
    လင်းဦး (စိတ်ပညာ)

    0 comments:

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo