မင်းမသိသေးတဲ့ အနံ့ဆိုး (သို့မဟုတ်) မင်းသိရဲ့လား(၁)

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,
  • မင်း ရိုးတယ်လို့ မဆိုလိုဘူး….
    ၀ံပုလွေလုပ်ရမယ်လို့လည်း မပြောလိုပါဘူး…
    မင်းကောင်မလေးက သိပ်ချစ်တတ်တယ်တဲ့လား….
    မင်းပီတီတွေမှာ သွေးတစ်စက်တော့ မစွန်းစေချင်ဘူး….

    နောက်ကွယ်မှာ
    အခြားတစ်ယောက်နဲ့ မြေနီလမ်းပေါ်လိမ့်နေတာ မင်းသိရဲ့လား….
    အဲ့ဒီ ကန်ဘောင်ပေါ်က မြက်တွေ ခွေလှိမ့်နေတာ မင်းသိရဲ့လား….
    မင်းပေးထားတဲ့ နာရီလေးကတော့ အဲ့အချိန်မှာ ကြိုးပြုတ်နေတာ မင်းသိရဲ့လား…

    မင်းကောင်မလေးက
    ညညဆို မင်းကို သတိရတဲ့စိတ်နဲ့ အိပ်မရလို့ဆို…….
    လမ်းထိပ်ခဏခဏနဲ့
    အဆောင်ကို မလှိမ့်တပတ်လုပ်ပြီး
    မဂိုလမ်းက ထိပ်ပြောင်နဲ့ Club တွေ ပြောင်းပြောင်းတက်နေတာ မင်းသိရဲ့လား…..

    မင်းကတော့ သိုသိပ်စွာ ယိုဖိတ်နေတာ…
    မင်းကောင်မလေးကတော ့ဖွာလန်ကျဲလို့….
    အတင်းတိုးဝှေ့တတ်တဲ့ သူ့အကြောင်းတွေ မင်းမသိပါဘူး…
    မင်းစိတ်ကူးထဲက လမင်း
    ပြတင်းပေါက်ဖြစ်နေတာ မင်းမသိဘူး…
    မင်းရှိတဲ့ ကမ္ဘာကနေ အပြင်ကိုလည်း ထွက်ကြည့်ဦး…….

    ဒါဆို မင်းပထမဆုံးရလိုက်မှာက
    လေပြေကသယ်လာမယ့် အနံ့ဆိုးတွေ……

    (ဂျူလိုင် ၁ ရက်နေ့၊ ည ၁၁းဝဝ နာရီတွင် ရေးဖွဲ့သည်)
    လင်းဦး(စိတ်ပညာ)

    13 comments:

    thonn thonn said...

    သောက်ရမ်းကိုလန်းတယ် ကဗျာက ။ ဟိုမိန်းကလေးက ကဗျာဆရာ့ သူငယ်ချင်းနဲ့တွေ့ရင် ရေမွှေးဆွတ်လာလို့ထင်ပါတယ် .. အဟဲ ၊ ဒါနဲ့ စကားမစပ် အပေါ်ဆုံးတစ်ပိုဒ်မှာ စာလုံးပေါင်းမှားနေတယ်ရှင့် ၊ မင်းကောင်မလေးဖြစ်ရမှာ ..။

    ရွှန်းမီ said...

    သတိပေးကဗျာလေးပဲ . . ။
    သိပ်ကောင်းတယ်။
    ကျေးဇူးပါ။

    တင့်ထူးရွှေ said...

    အရမ်းချစ်တဲ့ ချစ်သူကို ယုံကြည်လွန်းတဲံကောင်လေး ပေါ့နော်
    အကို ကဗျာတွေ ထုံးစံအတိုင်းပဲ ကောင်းလွန်းတယ်ဗျာ

    Mintasay said...

    အကိုလည်းအဲ့လိုခံစားဖူးတယ်

    ဝင်းခေတ်(soft@heart) said...

    ကျွန်တော်လေ သူကိုပြောဖူးတယ် “ကိုယ့်အချစ်တွေအဓိပ်ပါယ်မဲ့သွားမှာစိုးလို့ သံသယတွေနဲ့မချစ်ပါဘူးလို့” ပေါ့ ဝဋ်ရှိလို့ခံရလဲ ကိုယ့်ကံပေါ့အကိုရာ အတိုင်းအတာတစ်ခုထိကတော့ ပေးဆပ်ဖို့အသင့်ပါပဲ......

    ကိုရင်နော်ခင်လေးငယ် said...

    “မင်းစိတ်ကူးထဲက လမင်း
    ပြတင်းပေါက်ဖြစ်နေတာ မင်းမသိဘူး…”

    အရမ်းထိမိတယ်.. ဂွတ်ဂွတ်.. :)

    နှင်းပွင့်ဖြူလေး said...

    လေပြေကသယ်လာမဲ့ အနံဆိုးတွေ
    မိုက်တယ် ကဗျာလေးက

    ညိမ်းညို said...

    ကောင်းတယ်ဆိုတာထက်ပိုမပြောတတ်တော့ဘူးအကိုကြီးရေ ။
    ကိုနောင်တော်ရယ်၊ အကိုရယ်၊ ဆရာကိုဝေလင်းရယ်က ကဗျာအရေးကျဲပီး ထွက်လာတဲ့ကဗျာတွေ သိပ်ကောင်းတယ်ဗျာ။ အားကျတယ်။
    ပျော်ရွှင်ပါစေခင်ဗျာ :)

    myooo.nyan said...

    ကိုလင်းဦးတို့ ရေးလိုက်မှ စာကောင်းပေးကောင်းပဲဗျာ.. ကဗျာလေးလှတယ် ယဉ်ယဉ်လေးတွယ်ထားတယ်..

    Mhu Darye said...

    liked it. sharp and clear . gentle reminder as it is.

    phoolay said...

    ကို လင်းဦး ဖူးဖူးပါ ဖတ်တယ်နော်

    မိုးခါး said...

    ဒါတွေလည်းရှိတာပဲကိုး ... း(

    Apprenticeship said...

    ဟုတယ်ကွားးး ကောင်လေးက မျက်နှာများတယ် :P

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo