ထိုင်းဝန်ကြီးချုပ်သစ် Abhisit Vejjajiva ၏ ကိုယ်ရေးအကျဉ်း

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,

  • ထိုင်းဝန်ကြီးချုပ်သစ် Mr. Abhisit Vejjajiva သည် ထိုင်း-တရုတ်အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာသူဖြစ်ပါသည်။ မိဘနှစ်ပါးစလုံးသည် ဆေးပညာပါမောက္ခများ ဖြစ်ကြပါသည်။

    ၎င်းကို ဗြိတိသျှမြို့ဖြစ်သည့် Newcastle တွင် ၁၉၆၄ တွင် မွေးဖွားခဲ့ပြီး အင်္ဂလန်နိုင်ငံ၏ ထိပ်တန်း ပုဂ္ဂလိကကျောင်း Eton တွင် ပညာသင်ကြားခဲ့ပါသည်။ ထို့နောက် Oxford တက္ကသိုလ်မှ နိုင်ငံရေး၊ ဒဿနိက ဗေဒနှင့် စီးပွားရေး (Politics, Philosophy and Economic , PPE) ဘွဲ့ကို ရရှိခဲ့ပါသည်။



    တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ Chulachomklao ဘုရင့်တပ်မတော်တက္ကသိုလ် တွင် ဆရာအနေဖြင့် ၀င်ရောက်သင်ကြားခဲ့ပါသည်။ ထို့နောက် Oxford တက္ကသိုလ်သို့ ပြန်လာပြီး Master ဘွဲ့အတွက် သင်ကြားခဲ့ပါသည်။ ထို့နောက် Ramkhamhaeng တက္ကသိုလ်တွင် ဥပဒေဘွဲ့အတွက် မသင်ကြားမီ Thammasat တက္ကသိုလ်၌ စီးပွားရေးဘာသာရပ်ကို ဆရာအဖြစ် ပို့ချခဲ့ပါသည်။

    ၎င်း၏ အမနှစ်ယောက်အနက် တစ်ဦးမှာ ကလေးဒဿနိကဗေဒဆိုင်ရာ ပါမောက္ခဖြစ်ပြီး အခြား တစ်ဦးမှာ ထိုင်းနိုင်ငံ၏ ကျော်ကြားသော စာရေးဆရာမဖြစ်ပါသည်။ ၎င်း၏ ဇနီးသည် သွားဆရာဝန်ဖြစ်ခဲ့ပြီး ယခုအခါ Chulalongkorn တက္ကသိုလ်တွင် သချင်္ာကထိကအဖြစ် ပို့ချနေသူ ဖြစ်ပါသည်။ ၎င်းတို့တွင် ကလေး(၂)ဦး ရှိပါသည်။

    လင်းဦး(စိတ်ပညာ)


    နိုင်ငံတကာ သတင်းများကို ရေးသားရာတွင် Bloomberg, NewYorkTimes, CNN, BBC , ABC news စသော သတင်းဌာနများမှ သတင်းများကို အားလုံးပေါင်းစပ်ကာ ဘာသာပြန်၍ အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည် .......အတတ်နိုင်ဆုံး သတင်းများကို Update ဖြစ်အောင် ရေးနေပါသည်... သို့သော် သတင်းများသည် အချိန်နှင့် Source ယူရာ သတင်းဌာနများပေါ်တွင် မူတည်နေပါ၍ အမှားအယွင်းများ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်.....

    1 comments:

    သဥ္ဇာ - Thinzar said...

    ဒီနှစ်အတွင်း Oxford တို့ Harvard တို့ ကအောင်တဲ့သူတွေ ခေါင်းဆောင်ဖြစ်တာ အိုဘားမား၊ မာရင်ကျိုနဲ့ သူပါဆို သုံးယောက်ရှိပြီ။

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo