မိန်းမချောလေး Aiko

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,

  • Aiko မိန်းမပျိုမှာ အသက်(၂၀)အရွယ် မိန်းမချောလေး တစ်ဦးပင်ဖြစ်သည်။ သို့သော် သူမသည် လင်ယောကျ်ား ရှိလေသည်။ ထိုသူမှာ သူမအား တီထွင်မှု ပြုခဲ့သူ Le Trung ပင် ဖြစ်သည်။ သူမသည် Englishနှင့် Japan ဘာသာ စကားများကို ပြောဆိုနိုင်သလို အိမ်တွင်းမှု အလုပ်များလည်း ကောင်းစွာ ပြုလုပ်နိုင်သည်ဟု သိရသည်။ သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ ၃၂-၂၃-၃၃ ဖြစ်သည်။ Biometric Artificial Intelligence Neural System (Brain) ဖြင့် သူမအား ကနေဒါတွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ သူမအား တီထွင်ရာတွင် ယခုအချိန်ထိ ပေါင်စတာလင်(၁၄,၀၀၀)ကျော် ကုန်ထားသည်။ Le Trung သည် ကနေဒါနိုင်ငံတွင် သူမအား တီထွင်ခဲ့ခြင်းပင် ဖြစ်ပြီး (၂)နှစ်ကျော်ကာလ အချိန်ယူခဲ့ရသည်။ Aiko လူသားမိန်းကလေးစက်ရုပ်အကြောင်းစုံကို သိလိုပါက Le Trung ၏ Project ဆိုက်တွင် ကြည့်ရှု့နိုင်ပြီး၊ YouTube တွင်လည်း သူမ၏ ဗီဒီယိုများ ကြည့်ရှု့နိုင်ပါသည်။







    လင်းဦး(စိတ်ပညာ)

    2 comments:

    အိမ် said...

    ဟီ ဒါရှို လူပျိုကြိးတွေအတွက် ငှက်ပျောတုံး ဖက်သေစရာ
    မလိုတော့ဘူးပေါ့နော် ဈေးတော့ အတော်ကြိးမဲ့ပုံပဲနော်

    Phyo Maw said...

    ဒါမျိုးဆို သိပ်စိတ်ဝင်စားတာ...
    ဟဲဟဲ စက်ရုပ်တွေ စက်ရုပ်မတွေ
    အားလုံး အားလုံး သဘောကျ။

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo