မြောက်ဥက္ကလာပတွင် ဗုံးပေါက်ကွဲ

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,

  • မတ်လ ၂၆ရက်၊ ၁၆ း ၂၀ နာရီတွင် အမှတ်၆၆/၆၇၊ သုဓမ္မာလမ်း၊ (ဌ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ တော်ဝင်နန်းတည်းခိုခန်း၊ ဒုတိယထပ် အခန်းအမှတ်(F1 )တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အခန်းထဲတွင် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ ထိုအခန်းမှာ မြိုင်မြို့နယ်မှ သီဟ အမည်ဖြင့် တည်းခိုသော အခန်းဟု သိရသည်။ ထိုသေဆုံးသူ၏ အခန်းထဲတွင် ၀ါယာကြိုးများ၊ ယမ်းထုပ်၊ ချိန်ကိုက်နာရီကိုယ်ထည်၊ ဓါတ်ခဲများကို တွေ့ရှိရသည်ဟု သိရသည်။ အခန်းအမှတ်(F 5) တွင် တည်းခိုလျက်ရှိသည့် နိုင်ဇာလင်းဆိုသူမှာ ဒဏ်ရာရရှိခဲ့သည်။

    လင်းဦး(စိတ်ပညာ)

    4 comments:

    GreenGirl said...

    အဲ့လိုအသံတွေကြားရင် စိတ်ဆင်းရဲတယ်

    မိုးခါး said...

    စိတ်ညစ်ပါတယ်နော် .. း(

    ဖိုးဂျယ် said...

    အကိုဆီ လာမှ သတင်းတွေ ဖတ်ရတော့တယ် း)

    Canada Myanmar Group said...

    ပြည်တွင်းတိုက်ပွဲ ဆင်နွဲ ကြပြီ လော

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo