လခစား ပြည်ပ မီဒီယာကြီးများ အချို့ စည်းမရှိမှု

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,

  • ယခုတလော ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများ အထူးစိတ်ဝင်စား နေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရမှ မတရား အမှုဆင် ဖမ်းဆီးမှု၏ သတင်း ရေးသားပုံများတွင် ပြည်ပ မီဒီယာများသည် သေချာလေ့လာ ဆန်းစစ်ခြင်း မရှိပဲ ရမ်းသမ်း သတင်းရေးသားခြင်းအပေါ် အွန်လိုင်း စာဖတ်ပရိသတ်များ အလွန်အမင်း စိတ်ပျက်ခြင်းများ ဖြစ်ပေါ် နေရသည်။

    အဆိုးဝါးဆုံး ဖြစ်ရပ်မှာ မီဒီယာကြီးများ၏ ငါ့မြင်းငါစိုင်း ရေးသားမှုများကြောင့် ပုဂ္ဂလိက ထိခိုက်နှစ်နာမှုများ ရှိကြောင်း သတင်းသမား ဘလော့ဂ်ဂါ တဦးဖြစ်သူ မခွာညို မှ သူမ၏ ငှက်ကလေး အမည်ရ ဘလော့ဂ်တွင် ရေးသားဖေါ် ပြထားသည်။ ယခင် အပတ်များကလည်း ဘလော့ဂ်ဂါ မဆုမွန်မှ ပြည်ပမီဒီယာများတွင် ရေးသားနေသော ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် အကူညီပေးနေသော ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူအား အိမ်ဖေါ်ဟု သုံးနှုန်းနေမှုအပေါ် လွဲမှားနေကြောင်း ရေးသားခဲ့ပြီး ဖြစ်သော်လည်း အတောမသတ်နိုင်သော မီဒီယာတို့၏ အမှားများကြောင့် နိုင်ငံချစ်စိတ်ဖြင့် ကူညီနေသူ ဒေါ်ခင်ခင်ဝင်း၏ မိသားစုမှာ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကိုပါ ထိပါးခံရသည်ဟု သမီးရင်း ဖြစ်သူ သတင်းသမား ဘလော့ဂ်ဂါ မခွာညိုမှ သူမ၏ ဘလော့ဂ်တွင် ရေးသား ဖေါ်ပြ ထားသည်။

    သူမနှင့် အတူ သတင်းထောက်သင်တန်း တက်ရောက်ခဲ့သူ ဧရာဝတီ ဝဘ်ဆိုဒ် အင်္ဂလိပ်စာမျက်နှာမှ သတင်းရေးသားသူ စောရန်နိုင်မှာ သူမ အမေအပေါ် အိမ်ဖေါ်ဟု သုံးနှုန်းနေမှု သတင်းရေးသားမှု မှားယွင်းနေကြောင်း ၂၀၀၅ခုနှစ် ကာလ ကြာမြှင့်စွာကပင် သိရှိနေသော်လည်း ပြင်ဆင်ရေးသားခြင်း အလျဉ်းမရှိ ဧရာဝတီ သတင်းဋ္ဌာနမှ အယ်ဒီတာ ကိုအောင်ဇော် အားလည်း ယမန်နေ့ (မေလ ၁၅ရက်) ကပင် မခွာညိုမှ ထပ်မံ အသိပေးခဲ့သော်လည်း နှစ်ဦး နှစ်ဖက်အကြား လူကြီးလူကောင်းပီသစွာ တောင်းပန်အမှု ပြုခဲ့ခြင်း မရှိပေ။

    ထို့အပြင် ယခင်ကလည်း နော်ဝေအခြေစိုက် အသံလွှင့်မီဒီယာ ဖြစ်သော ဒီဗွီဘီ မှ သတင်းထောက် ထက်အောင်ကျော်မှ အင်္ဂလိပ်လို မှားယွင်းစွာ ရေးသားမှုကြောင့် ဒေါ်ခင်ခင်ဝင်းမှာ လင်ငယ် ရှိနေသယောင်ယောင် ဖြစ်သွားရပြီး သတင်းထောက် ဘလော့ဂ်ဂါ မခွာညို၏ ညီမ ဖြစ်သူ မဝင်းမမ အား လင်ပါသမီး ဖြစ်သယောင်ယောင် ရေးသားခဲ့သည်ကို မီဒီယာကြီး ဖြစ်သော်လည်း ကျင့်ဝတ်သိက္ခာနှင့် မညီညွတ်ဟု မခွာညိုမှ မှတ်တမ်းပြုထားသည်ဟု သူမ၏ ဘလော့ဂ်တွင် ဖေါ်ပြထားသည်။

    ဟစ်တိုင် ဝဘ်ဆိုဒ်၏ ဝဘ်မာစတာ ကိုဂျင်မီမှ “ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေး အသိစိတ်ဖြင့် ကူညီနေသူ ဒေါ်ခင်ခင်ဝင်းအား ဒီမိုကရေစီကို တကယ်တမ်းလိုက်နာ ကျင့်သုံးနေပါသော မီဒီီယာကြီးများမှာ အမှားသိလျက်နှင့် ယခုလို ချိုးချိုးဖဲ့ဖဲ့ မပြောဆိုသင့်ကြောင်း ” လူထုအသံအား ထောက်ပြ ပြောဆိုလိုက်သည်။

    ဘလော့ဂ်ဂါ ကိုလွင်အောင်စိုး ကတော့ ¨ It is a reminder for all Burmese media. Media freedom should be democratic.¨လို့ မှတ်ချက်ပြုပြီး။ ဘလော့ဂ်ဂါ မိုးမြင့်အောင်မှ မှတ်ချက်ပေးသည်မှာ “ ထင်ရှားသော ဘလော့ဂ်များတွင် ဒီအကြောင်းများ ဖေါ်ပြပြီး ဖြစ်သော်လည်း ယခုကဲ့သို့ ဝန်ခံခြင်း မပြုခြင်းဟာ ငါ့မှာတုတ်ရှိတယ် ငါရိုက်ချင်တာ ရိုက်မယ်လို့ အဓိပ္ပါယ် သက်ရောက်စေခြင်း အလို့ငှါ ထိုမီဒီယာများဟာ စာဖတ်ပရိသတ်အား စော်ကားရာကျလွန်းသည် ” ဟု ထင်မြင်ချက်ပေး၍ စာရေးဆရာမ မေငြိမ်း ကမူ မခွာညို၏ ငှက်ကလေး ဘလော့ဂ်တွင် ရေးသားထားသော “ ရှင်တို့ အမှားတွေအတွက် ကျမကပဲ တရားဝင် တောင်းပန်ပါတယ် ” ပို့(စ်)တွင် ယမန်နေ့က ကွန်မန့်ချထားသည်မှာ “ ခက်တာက အဲလိုလူတွေက ဘလော့ဂ်မပြောနဲ့ စာတောင်မှ မဖတ်တာပဲ.. ဒီတော့ ဒါကို သေချာ ထိပ်တိုက်ပြောမှ ရတော့မယ် ထင်တယ်။ ဒါမှ ပြီးမှာပဲ။ ” ဟု ရေးသားထားသည်ကို တွေ့ရှိရသည်။

    ဇာမနီရိုင်း (နှင်းဆီမြို့တော်)
    လူထူအသံအွန်လိုင်းဂျာနယ်မှ ကူးယူဖော်ပြသည်

    လင်းဦး(စိတ်ပညာ)

    12 comments:

    နှင်းဆီနက် said...

    လာရောက်ဖတ်ရှုသွားပါတယ်....

    shwelannwelanwinkyi said...

    ရွှေလမ်းငွေလမ်းဝင်းကြည်
    ဖတ်ရှုပြီး မှာယွင်းသောသတင်းသမားများကို စိတ်ဆိုးရပါတယ်။

    ဇောင်း said...

    ဖတ်သွားပါ၏

    သက်ပိုင်သူ said...

    စာဖတ်သွားပါတယ်.. သတင်းတွေ ထဲက အမှားတွေက တော်တော် ဆိုးရွားတယ်

    တားမြစ် ထားသော... said...

    ကိုလင်းဦးရေ..
    သတင်းလောကမှာ သူတို့ချင်းချင်းကို မညီညွတ်ကြပါလားလို့ ခံစားရသဗျာ။
    ဒါက ကောင်းတဲ့နမိတ်တော့ မဟုတ်ပါဘူး။
    ဝေမျှတာ ကျေးဇူးပါ။

    သုခမိန်(E-Journal)

    မိုးခါး said...

    အများနဲ့ ပတ်သတ်နေတော့ အမှားကင်းနိုင်သလောက် ကင်းအောင် ကြိုးစားသင့်တာနော် ..

    ကဗျာဦး said...

    သတင်းမှားတွေအတွက် မိသားစုတွေနစ်နာပါတယ်

    ကေမောင်ငြိမ်း said...

    ဟုတ်တယ်ဗျို့၊ သတင်းစာတွေမှာလည်းတွေ့တယ်....

    ပြောချင်လွန်းလို့ said...

    ပြောသင့်တာတွေဝိုင်းပြောတာကောင်းပါတယ်
    သူတိုတွေလွတ်လပ်စွာ ဆိုတာကို ဘာသာပြန်လွဲပြီး
    ကိုယ်ဝမ်းဝရေးဘဲဦးစားပေးကြတာလေ

    မသက်ဇင် said...

    ကိုလင်းဦးရေ
    စာတွေလာဖတ်သွားပါတယ်

    မေသစ္စာမောင် said...

    မှားနေတာကို အချက်အလက် ခိုင်ခိုင်မာမာနဲ့ ပြောပြ ထောက်ပြ နေရက်နဲ့ မပြင်တာကတော့ တော်တော်ကို သတင်းသမားတယောက်မပီသဘူးလို့ ယူဆပါတယ်..။
    ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ ကိုလင်းဦင်္း။

    Release said...

    HI, I THINK THAT IS NOT THEIR MISTAKE. IT IS DEPEND ON THEIR SATURATION.BUT IT IS GOOD FOR YOUR COMMENT.

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo