၂၀၀၈ကို ကြိုဆိုခြင်း

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,
  • ၂၀၀၇ ခုနှစ် ကုန်ပြီပဲဆိုပါတော့၊ ကျွန်တော်တို့တွေ ဘာတွေအကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပြီးပြီလဲ။ သေချာတာကတော့ အသက်(၁)နှစ်ကြီးလာတာပဲ။
    ကုန်ဈေးနှုန်းတွေ ကျလာမှာလား။ ဈေးတွေတက်လာမလား။ ကိုယ်ချင်းစာစိတ်မရှိတဲ့သူတွေ ပိုပြီးတိုး လာဦးမှာလား။ ရပ်ကွက်ထဲက ချဲထိုင်တွေပိ်ုပြီး အလုပ်ဖြစ်နေဦးမှာလား။ ဘတ်စ်ကားတွေကော လူတွေနဲ့ ပြည့်ကျပ်နေဦးမလား။ ကားပါတ်စီးရတဲ့ ဒုက္ခကကော ကင်းလွတ်ပါ့မလား။ ပိုက်ဆံ ပိုတောင်းတဲ့ စပါယ်ယာတွေကောရှိဦးမှာလား။ အရက်ဆိုင်ဝင်ပြီးလောကကြီးကို လက်မြှောက် အရှုံးပေးထားတဲ့လူတွေ ရှိနေဦးမှာလား။သာသနာအတွက်ဆိုပြီး ကိုယ့်အိမ်သယ်သယ်သွားတဲ့ လူကြီးတွေကော ရှိဦးမလား။ အင်တာနက် ကွန်နက်ရှင်တွေကကော ပိုကောင်းလာမှာလား။ ပိုက်ဆံမရှိလို့ ကျောင်းမတက်ရ၊ကျူရှင်မတက်ရတဲ့ကလေးတွေကော ကျောင်းတက်လာနိုင်မလား။ Copy ဆိုတဲ့ အဆိုတော်တွေ ပိုများလာမလား။ Owntune ဆိုတဲ့ အဆိုတော် ပေါ်ထွက်လာမှာလား။ ပိုက်ဆံအတွက် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ မိန်းကလေးတွေ ပိုများလာမလား။ ကျွန်တော်တို့ရဲ့ လူနေမှု စနစ်ကြီးကကော တိုးတက်လာနိုင်မလား။ Arsrenal ကကော ဇယားထိပ်မှာ ဆက်လက်ရပ်တည် နိုင်ပါ့မလား။.......လာမှာလား...။ .............လာမလား...။

    သိမ်ကြီးဈေးအပေါ်ထက်မှာ ပန်းကုံးစွပ်နေတဲ့လူတွေ ရှိနေဦးမှာပါ။ ငါဆိုတဲ့မာန်မာနရှိတဲ့ လူတွေ ရှိနေဦးမှာပါ။ တစ်နေ့တာအတွက် တစ်ဘဝစာ ရင်းနေရတဲ့လူတွေ ရှိနေဦးမှာပါ။ ရပ်ကွက်ထဲမှာ အလှူငွေ၊ အကူငွေ ကောက်နေတာတွေ ရှိနေဦးမှာပါ။ သူတို့တွေ ဆက်လက်ကောင်းစားနေဦးမှာပါ။ အချစ်ထက် ငွေနဲ့ဂုဏ်ကိုဦးစားပေးသူတွေ ရှိနေဦးမှာပါ။ ကိုးရီယားကားတွေ ဆက်လက်စိုးမိုးနေဦး မှာပါ။ မျက်ဝန်းလေးတွေရဲ့ မာယာကို ခံနေရဦးမှာပါ။ ဗေဒင်ဆရာတွေ ဆက်လက်နှိပ်စက် နေဦးမှာပါ။ ........မှာပါ...။........။

    (မှတ်ချက်။ Hip Hop စာသားများမဟုတ်သလို၊ ၂၀၀၈ ဟောစာတမ်းလည်းမဟုတ်ပါ။)
    Lin Oo (psy)

    1 comments:

    tayzar said...

    •.¸¸.•♥ Happy New Year ♥•.¸ ¸.• ပါ အကိုရေ နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo