များသောအားဖြင့်နေရာတိုုင်းလိုလို တန်ခိုးကြီးဘုရားများ (တန်ခိုးကြီးဘုရားဆိုသည်မှာအများ၏ သတ်မှတ်ချက် ဖြစ်ပါသည်။)အကြောင်း စပ်မိစပ်ရာ ပြောဆိုကြလျှင် မည်သည့်ဘုရားမှာ မည်သို့ ရောင်ခြည်တော်လွှတ်သည်၊ မည်သို့ တန်ခိုးပြာဋိပြသည် စသည်ဖြင့် ကိုယ်တွေ့ မဟုတ်ဘဲ တစ်ဆင့်စကားဖြင့် ပြောဆိုနေကြသည်ကို ကြားဖူးကြပါလိမ့်မည်။
အချို့ဆိုလျျှင် မည်သည့်ဘုရားက မျက်နှာတော်ပြံုးနေသည်၊ မည်သည့်ဘုရားက မျက်နှာတော်ညှိုးနေသည် ပြောကြသည်လည်း ရှိကြသေး၏။ ဘုရားရှင်တို့မည်သည် ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်း မရှိတော့သဖြင့် ပြံုးခြင်း၊ မဲ့ခြင်းမရှိနိုင်တော့ပါ။ဤသည်မှာသက်တော်ထင်ရှား ဘုရားကို ဆိုလိုပါသည်။ သက်မဲ့ဖြစ်သောရုပ်ပွားတော်များ အားကား မည်သည့်နည်းနှင့်မျှ ပြံုးခြင်း၊ မဲ့ခြင်း မဖြစ်နိုင်ပေ။ ပန်းပု၊ပန်းရံဆရာ လုပ်ထားစဉ်ကအတိုင်းသာ တည်ရှိ နေပေလိမ့်မည်။
စင်စစ် သက်ရှိထင်ရှား မြတ်စွာဘုရားရှင်တို့သည် အကြောင်းမဲ့သက်သက် ရောင်ခြည်တော်လွှတ်ခြင်း စသော တန်ခိုးပြာဋိဟာများကို ပြတော်မမူကြပါ။ သတ္တဝါဝေနေယျများ အကျိုးရှိမှသာ ပြတော်မူတော်မူကြပါသည်။ တပည့်သံဃာတော်များကိိုလည်းလာဘ်ပေါရန်၊လူအများကြီးညိုလေးစားအထင်ကြီးစေရန်စသောအကြောင်းကို လိုလား၍ တန်ခိုးမပြရကြောင်းကို ၀ိနည်းစည်းကမ်းဒေသနာတော်ဖြင့် ပညတ်တားမြစ်ခဲ့ပါသည်။
ထိုကဲ့သို့ သက်တော်ထင်ရှား ဘုရားရှင်သည်ပင်လျှင် အကြောင်းမဲ့ ရောင်ခြည်တော်လွှတ်ခြင်း၊ တန်ခိုးပြာဋိဟာ ပြခြင်းကို မလိုလားသော် သက်မဲ့ဖြစ်သော စေတီဘုရားက (၀ါ) ဘုရားကိုယ်စား တည်ထားကိုးကွယ်ထားသည့် စေတီဘုရားက ရောင်ခြည်တော်လွှတ်ခြင်းစသောတန်ခိုးပြာဋိဟာ အလိုလို ပြနိုင်ပါမည်လား စဉ်းစားသင့် ကြ၏။
အမှန်မှာ “စကား”ဆိုသည့်အတိုင်း စ,ကားလာကာ တစ်ဦးမှတစ်ဦးသို့ နည်းနည်းမှ အများကြီး ကားထွက်သွားခြင်းသာ ဖြစ်ပါလိမ့်မည်။ ပုဂံခေတ်ကစကောချပ်လေလွင့်ပါသဖြင့် “စကောချပ်ကြီး ပါပြီ” ဆိုသည်ကို “စကောတပ်ကြီးချီလာပြီ”မျိုး ဖြစ်သည်က များပါသည်။ စေတီတော်များ၌ တန်းခိုး ပြခြင်းက နည်းပါလိမ့်မည်။
ထို့ကြောင့် မန္တလေး နေပြည်တော်ကြီး စတင်တည်ထောင်တော်မူသည့် မင်းတုန်းမင်းကြီး လက်ထက်က မဟာမြတ်မုနိဘုရား ရောင်ခြည်တော်လွှတ်သည်ဟု ပြောကြပြီး ပျံ့နှံ့သွားကာ ဟိုကလာ၊သည်ကလာနှင့်ဘုရားကို ဖူးမြော်ကြည်ညိုလိုခြင်းထက် အထူးအဆန်းကို ကြည့်လိုသူတွေက များနေကြလေသည်။
ဤသို့ဆိုလျှင် စေတီတော်များ တန်ခိုးပြာဋိဟာ မပြတော်မူပြီလောဟု မေးစရာရှိ၏။ စေတီတော်တိုင်း တန်ခိုး မပြတော့ မဟုတ်ပါ။ အချို့စေတီများ တန်ခိုးပြကြောင်းကို မိလိန္ဒပဥှာ၌ ဆိုထားပါသည်။ ထိုအကြောင်းနှင့် ပတ်သတ်၍ မိလိန္ဒပဥှာမင်းကြီးက အရှင်နာဂသေနအား မေးလျှောက်ချက်ရှိပါသည်။ ယင်းကို အောက်ပါ အတိုင်းရှု့ပါ။
မိလိန္ဒမင်းကြီးက “အရှင် နာဂသေနဘုရား၊ အားလုံးသော ဘုရားရှင်တို့၏ စေတီတော်၌ တန်ခိုးပြာဋိဟာ ပြပါသလား ဘုရား” ဟု မေးလျှောက်၏။
အရှင်မြတ်က“ မင်းကြီး၊ အချို့စေတီတော်၌ တန်ခိုးပြာဋိဟာပြ၍ အချို့စေတီတော်၌ တန်ခိုးပြာဋိဟာ မပြပေ” ဟု ဖြေတော်မူ၏။
မင်းကြီးက“ ဘယ်လိုစေတီမျိုး၌ တန်ခိုးပြာဋိဟာပြ၍ ဘယ်လိုစေတီမျိုး၌ တန်ခိုးပြာဋိဟာ မပြပါသနည်း”ဟု မေး လျှောက်ပြန်၏။
အရှင်မြတ်က “မင်းကြီး ရဟန္တာတစ်ပါးပါးကလည်းကောင်း၊ နတ်ကောင်းနတ်မြတ်များကသော် လည်းကောင်း၊ သဒ္ဓါထက်သန်သည့် သီလရှင် လူပုဂ္ဂိုလ် တစ်ဦးဦးကသော်လည်းကောင်း အဓိဌာန်ပြုလျှင် ဘုရားရှင်တို့၏ စေတီတော်၌ တန်ခိုးပြာဋိဟာပြသည်”ဟု ဖြေတော်မူ၏။
မင်းကြီးက“ ဘယ်လိုအဓိဋ္ဌာန်ခြင်းပြု၍ တန်ခိုးပြပါသနည်း” ဟု မေးလျှောက်၏။
အရှင်မြတ်က“ရဟန္တာတစ်ပါးပါးသည် လူနတ်တို့ကို အစဉ်သနားတော်မူသဖြင့် ရပ်တည်တော်မူလျက် “ဤမည်သော တန်ခိုးပြာဋိဟာသည် ဤစေတီ၌ပြစေသတည်း”ဟု အဓိဋ္ဌာန်ပြုလျှင်ဖြစ်စေ၊ နတ်ကောင်းနတ်မြတ်တို့က လူအများကို အစဉ်သနားသဖြင့် “စေတီ၌ ဤတန်ခိုးပြာဋိဟာဖြင့် သူတော်ကောင်းတရားတည်းဟူသော သာသနာတော်သည် အမြဲချီးမြှောက်အပ်သည် ဖြစ်လိမ့်မည်။ လူအများကြည်ညိုသဒ္ဒါကြီးမား ကုသိုလ်တရား၊ တိုးပွားလိမ့်မည်”ဟု အဓိဋ္ဌာန်ပြုသည်ဖြစ်စေ၊ ရတနာသုံးပါးကို ကြည်ညိုသော (အမျိုးကောင်းသား၊ အမျိုးကောင်းသမီး) ပညာရှိသည် ပန်းနံ့သာ၊ အဝတ်ပုဆိုးစသော လှူဖွယ်ဝတ္ထုကို တင်မြှောက်၍ “ဤစေတီမှ တန်ခိုးပြာဋိဟာ ပြပါစေသတည်း”ဟု အဓိဋ္ဌာန်ပြုလျှင်ဖြစ်စေ ဘုရားရှင်တို့၏ စေတီတော်၌ တန်ခိုးပြာဋိဟာပြသည်။ ထိုသို့ အဓိဋ္ဌာန် မပြုလျှင် တန်ခိုးမပြပါ။ ထို့ပြင် ရဟန္တာတို့၏ စေတီ၌လည်း တန်ခိုးပြခြင်းမရှိပါ” ဟု ဖြေတော်မူ ပါသည်။
မိလိန္ဒပဥှာအတိုင်း ရဟန္တာကြောင့်ဖြစ်စေ၊ နတ်ကြောင့်ဖြစ်စေ၊ လူပုဂ္ဂိုလ်ကြောင့်ဖြစ်စေ၊ ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြခဲ့သော် ထိုစေတီတော်သို့သွား၍ တန်ခိုုးကြီးသောဘုရား၊ ရောင်ခြည်တော် လွှတ်သောဘုရားဟု မိမိ၏ကြီးပွားရေး၊ ရာထူးတက်ရေး၊ ကျော်စောထင်ရှားရေး စသည်ကို ရည်မှန်းပြီး ရှိခိုးဖူးမြော်ခြင်း၊ လှူဒါန်း ပူဇော်ခြင်း “တစ်ဘဝ”ကောင်းစားရေးအတွက်မျှလောက် ဆိုလျှင် အကျိုးမများလှပေ။ အကြောင်းမှာ မိမိ ကိုယ်ကျိုး မျှော်ကိုးလုပ်သောကြောင့် ဖြစ်သည်။
ဤအတိုင်း မှန်မမှန် လေ့လာကြည့်ပါ။ အချို့သူများသည် ယေဘူယျအားဖြင့် မည်သည့်ဘုရားက တန်ခိုးကြီး သည်၊ မည်သည့်ဘုရားက ရောင်ခြည်တော်လွှတ်သည်၊ မည်သည့်ဘုရားက ဆုတောင်းပြည့်သည်၊ မည်သည့် ဘုရားသွားဖူးလျှင် မည်သည့်အလိုဆန္ဒ ပြည့်ဝသည် စသဖြင့် ယုံကြည်မှုများနေကြသည် မဟုတ်ပါလား။ ယုံကြည်သည့်အတိုင်းလည်း သွားရောက်ဖူးမြော် လှူဒါန်းနေကြသည်။ဘုရားရှင်၏ရုပ်ပုံတော်ထက် ဂုဏ်တော်ကို အာရုံပြုရမည်ကို မေ့လျော့ နေကြသည်။
ထို့ကြောင့်လည်း ရှေးပညာရှိကြီးများက ဘုရားအစစ်ကို ရုပ်တုမကွယ်စေနှင့်ဟု ဆုံးမဩဝါဒစကား မှာကြား ထားခဲ့ခြင်း ဖြစ်သည်။ အမှန်မှာ ဘုရားရှင်ကို တကယ်ကြည်ညိုသည်ဆိုလျှင်လည်း တန်ခိုးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ၊ ရောင်ခြည်တော် လွှတ်သည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ အဓိကမဟုတ်ပါ။
“တိဋ္ဌန္တေ နိဗ္ဗူတေစာပိ သမေစိတ္တေ သမံဖလံ” (၀ိမာနဝတ္ထု)
ဆိုသည့်အတိုင်း သက်တော်ထင်ရှား မြတ်ဘုရား၌ဖြစ်စေ၊ ကိုယ်စားထားခဲ့သည့် သက်မဲ့ရုပ်တု စသော စေတီ ဘုရား၌ဖြစ်စေ ၊ စိတ်တူမျှစွာ လှူဒါန်းပူဇော်ခြင်းပြုပါက အကျိုးတူပေးသည်ဟု ဆိုပါသည်။
ထို့ကြောင့် တန်ခိုးကြီးဘုရား၊ ရောင်ခြည်တော်လွှတ်သောဘုရားဟု အဓိက မရည်ရွယ်ဘဲ မိမိတို့ကိုးကွယ် ပူဇော်ထားသည့် အိမ်ဦးခန်းက ဘုရားကိုလည်း သက်တော်ထင်ရှားဘုရားကဲ့သို့ ကိုးကွယ်ဆည်းကပ် လှူဒါန်း ပူဇော်လျှင်လည်း အကျိုးကြီးမားမည်သာ ဖြစ်ပါသည်။
ပုံတော်ကို ဂုဏ်တော်လွှမ်း၍ ကြည်ညိုနိုင်ကြပါစေသတည်း။

Lin Oo (psy)
0 comments:
Post a Comment