ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင် (၁၂)့

Posted on
  • by
  • Aung Maw
  • in
  • Labels: ,
  • မြတ်စွာဘုရားသည် လွန်ခဲ့သည့်နှစ် ၂၅၀၀ကျော်မှ စ၍ သေရည်သေရက် လုံးဝမသောက်ရန် တားမြစ်တော်မူခဲ့ ပါသည်။ မြန်မြန်သေတတ်၍ သေရည်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ မိန့်တော်မူသည့်အတိုင်း လုံးဝမသောက်ဘဲ နေနိုင်ကြပြီး၊ အသက်ဉာဏ်စောင့်သွားပါက သက်တမ်းစေ့နေသွားနိုင်သူ အများအပြားရှိသည်။

    ယခုအခါ စီးကရက်၊ ဆေးပေါလိပ်၊ ကွမ်း၊ မူးယစ်ဆေး၊ စိတ်ကြွဆေးများကို လုံးဝမသောက်သုံးကြရန် ရေးသား ဆုံးမကြသော်လည်း အရက်ကိစ္စနှင့်ပတ်သက်၍မူ အလွန်အကျွံမသောက်ရဟုသာ လျှော့လျှော့ပေါ့ပေါ့ သတိပေးနေတတ်ကြသည်ကိုတွေ့ရပါသည်။ ဆိုရှယ်သောက်၊ အိပ်ပျော်စားဝင်စေရန် အနည်းအကျဉ်း စသောက်ရာမှ အရက်ချိုး(ဂျိုး)ဖြစ်ပြီး၊ အိမ်ထောင်ပျက်၊ ဘဝပျက် တွေ့နေကြပါလျက် နည်းနည်းဖြင့် သောက်နိုင်သည်ဟု အကြံပြုနေကြသည်မှာ ယနေ့လူငယ်များ အမှတ်မှားကြကာ အရက်ချိုး(ဂျိုး) ဖြစ်စေရန် လမ်းပြပေးသည်နှင့် တူလှသည်။

    ဗြိတိန်ပြည်မှ လစ်ဘာရဲလ်ဒီမိုကရက် နိုင်ငံရေးပါတီမှ ခေါင်းဆောင် ချားလ်စ်ကယ်နယ်ဒီ ဆိုသူသည် အရက်ချိုး (ဂျိုး)ဖြစ်နေ၍ ဘဝပျက်ကာ ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလတွင် ရာထူးမှ နှုတ်ထွက်လိုက်ရသည်ကို သင်ခန်းစာ ယူသင့်ကြပေသည်။ ယခုအခါတွင် အချို့ အရက်ကုမ္ပဏီများသည် ဘောလုံး၊ ဂေါက်သီးကစားမှုများကို အကာအကွယ်ယူ စပွန်ဆာလုပ်၍ မြို့ပေါ်တွင်လည်းကောင်း၊ နေရာအများတွင်လည်းကောင်း၊ ဂျာနယ်နှင့် မဂ္ဂဇင်းများတွင်လည်းကောင်း အရက်ကြောငြာများ တရားဝင်ကြော်ငြာနေသည်ကို တွေ့ရပါသည်။

    အစိုးရမှ အရက်ကို မီဒီယာမှ မကြော်ငြာရဟု တားမြစ်ထားသည်ကို တစ်ဖက်လှည့်နှင့် အလည်လုပ် ကြော်ငြာနေခြင်း ဖြစ်သည်။ ငွေမျက်နှာကြည့်၍ ဤသို့ မကြော်ငြာစေသင့်ပါ။ အမျိုးသမီးပိုစတာများနှင့်လည်း ဆွဲဆောင်ကာ ကြော်ငြာကပ်နေကြသည်။ မျိုးဆက်သစ်တို့ အရက်ချိုး (ဂျိုး)များ အဖြစ်စေရန် ကာကွယ်ပေးရမည့် ၀တ္တရားများ ရှိပါသည်။ အရက်သောက်မှ ခေတ်မီသည်ဟူသော အယူအဆကို ကျွန်တော့်အနေဖြင့် လုံးဝ လုံးဝ ကန့်ကွက် ရေးသားရပါသည်။
    လင်းဦး (စိတ်ပညာ)

    2 comments:

    မြန်မာပြည်ကိုလွမ်းတယ် said...

    အရက်ကိုကြိုက်လို.ကော၊ခေတ်မီချင်လို.ကော
    စုံနေအောင်ဆင်ခြေပေးကြပြီးသောက်တတ်
    ကြတယ်နော်။အကိုလင်းဦးကန်.ကွက်တာ
    မေတော့ ထောက်ခံပါတယ်။

    Welcome said...

    အထိမ်းအမှတ်နေ့တွေကများတော့ ရက်ဆက်ပဲ
    အထိမ်းအမှတ်နေ့မရှိတော့လည်း စနေမို့၊ တနင်္ဂနွေမို့ နဲ့ သူငယ်ချင်းတွေ အကြွေစောသွားတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ ချစ်သူ ပါမစ် မရလို့ပါ ရရင် လက်နှစ်လုံးထဲ.... နောက်တာ။

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo