အထက်ပါ ကွန်ပြူတာဂျာနယ်ရဲ့ ကြေငြာချက်ဟာ မှားယွင်းနေပါတယ်။
ကျွန်တော်တို့ www.all-channel.com ဟာ ကွန်ပျူတာ ဂျာနယ်မှာ ဖော်ပြထားသလို MCC ရဲ့ Team-X ကနေ တာဝန်ယူ ရေးသားခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ MCC ဟာလည်း ဘယ်လိုမှ ပတ်သက်မှု မရှိပါဘူး။ ဒီ website ကို စလုပ်ရတဲ့ ရည်ရွယ်ချက်က မြန်မာအားလုံးအတွက် နေရာတစ်ခုတည်းမှာ သိချင်တာတွေ အကုန်လုံးကို သိနိုင်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စလုပ်ခဲ့တာပါ။ ဒီ website ကို develop လုပ်တဲ့ webmaster ကတော့ လက်ရှိမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျောင်းတက်နေတဲ့ ABAC ရဲ့ ကျောင်းသားများ ဖြစ်ပါတယ်။ Official Site ကို 2007 ခုနှစ် ဇန်နဝါရီလ (1) ရက်နေ့မှာ Launch လုပ်ခဲ့ပါတယ်။ စစချင်းတုန်းကတော့ ဒီလောက် အခန်းကဏ္ဍတွေ မစုံလင်ပေမယ့် All-Channel အဖွဲ့သားများရဲ့ ကြိုးစားမှု၊ သူငယ်ချင်းများရဲ့ ၀ိုင်းဝန်းကူညီမှု၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများရဲ့ ကူညီမှုကြောင့် 2007 ခုနှစ်ကုန်ပိုင်း လောက်မှာ ပိုမိုစုံလင်တဲ့ ကဏ္ဍအသစ်များကို မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ နောက်နောင်မှာလည်း မြန်မာတွေ အားလုံးအတွက် သတင်းအချက်အလက်တွေကို တစ်နေရာတည်းမှာ ပေးနိုင်မယ့် အကောင်းဆုံး ဆိုဒ်တစ်ခု ဖြစ်လာအောင် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ All-Channel ကိုလာရောက် ဖတ်ရှုကြတဲ့ readers များ၊ memebers များကို ကျေးဇူး အထူးတင်ရှိကြောင်း ပြောကြားရင်း www.all-channel.com သည် MCC နဲ့ လုံးဝ သက်ဆိုင်မှု မရှိပါကြောင်း ကွန်ပျူတာ ဂျာနယ် အယ်ဒီတာ အဖွဲ့များနှင့် စာဖတ်ပရိတ်သတ်များအား အသိပေးပြောကြားလိုပါတယ်။
1 comments:
အင်း
ငါ့သူငယ်ချင်းတိုင်း သူ့ သူငယ်ချင်း ဖြစ်တော့တာပဲ
ကောင်းပါတယ် ကောင်းပါတယ်
Post a Comment