ကမ္ဘာ့ငွေကြေးဆိုင်ရာ အကျပ်အတည်း

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,

  • ၂၀၀၈ စက်တင်ဘာလနှင့် အောက်တိုဘာလတွင်စတင်ပြီး ယနေ့ထိတိုင် ဖြစ်နေသည့် ကမ္ဘာ့ ငွေကြေးဆိုင်ရာ အခက်အခဲမှာ ကမ္ဘာ့စီးပွားကပ်ကြီး (the Great Depression) အပြီး အဆိုးဝါးဆုံး စီးပွားရေး ခက်ခဲမှုဖြစ်သည်။ ၂၀၀၈ခုနှစ် စက်တင်ဘာတွင် အမေရိကန်နိုင်ငံ အခြေစိုက် ငွေကြေးဆိုင်ရာကုမ္ပဏီများ၏ အကြပ်အတည်းဆိုက်ရောက်မှုမှ အချို့ကုမ္ပဏီများကို အစိုးရမှ ထိန်းသိမ်းခဲ့ရခြင်းဖြင့် စတင်ခဲ့သည့် အဆိုပါ Crisis သည် ဥရောပနှင့် အမေရိကတိုက်သာမက အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘဏ်များအထိပါ ဆက်တိုက် ကြီးထွားလာခဲ့သည်။

    ၎င်းအခက်အခဲသည် ငွေကြေးအဖြစ်သို့ လွယ်ကူစွာ ပြောင်းလဲခြင်း မပြုနိုင်သည့် Liquidity Problem အဖြစ် တိုးတက်လာခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များ၊ ဘဏ္ဍာရေး ၀န်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများမှ အခက်အခဲအား ဖြေရှင်းနိုင်ရေး ပူးပေါင်းညှိနှိုင်းလုပ်ဆောင်နေကြ သော်လည်း ပြဿနာမှာ ဆက်လက်၍ ဖြစ်ပေါ်နေပါသည် ။

    ၂၀၀၈ခုနှစ် အစောပိုင်းမှပင် ကမ္ဘာတဝှမ်းစီးပွားရေးအခက်အခဲတစ်ခု ဖြစ်ပေါ်နိုင်သည့် အခြေအနေကို ဖော်ပြနေသည့် လက္ခဏာများ တွေ့လာရသည်။ ၎င်းတို့ထဲတွင် ရေနံဈေးနှုန်း ကြီးလာခြင်း၊ ကမ္ဘာတဝှမ်း ငွေကြေးဖောင်းပွမှု ဖြစ်လာခြင်း၊ ငွေချေးမှု အကြွေးဝယ်ယူမှုမှ ပြဿနာပေါ်ပေါက်လာခြင်းအပြင် ဘဏ်ကြီများမှ ဒေဝါလီခံသွားရခြင်း၊ အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်းတို့ ပါ၀င်ပါသည် ။

    လူသုံးကုန်ပစ္စည်းများ မြင့်တက်လာခြင်း
    ၂၀၀၃ခုနှစ်များမှစ၍ လူသုံးကုန်ပစ္စည်းများ ရောင်းချမှုအားသည် 1980-2000 Great Commodities Depression ကာလအပြီး ပြန်လည်၍ တိုးတက်လာခဲ့သည်။ ရောင်းချမှုအား တိုးတက်လာသည်နှင့်အမျှ ဈေးနှုန်းတက်လာခဲ့ရာမှ ကုန်ပစ္စည်းအများစု၊ အထူးသဖြင့် ရေနံနှင့် စားသောက်ကုန်ပစ္စည်းများ၏ နှုန်းထားများ အဆမတန်တိုးတက်လာသဖြင့် နိုင်ငံအများ၏ စီးပွားရေးအပေါ် ထိခိုက်မှုဖြစ်ပေါ်လာပြီး Stagflation ဟုခေါ်သည့် Demand နှင့် Employment တိုးတက်လာခြင်းမရှိဘဲ ငွေကြေးဖောင်းပွမှု ဖြစ်ခြင်းများနှင့် Globalization အပေါ် ဆိုးကျိုးဖြစ်လာခဲ့သည် ။

    သတင်းဌာနများ၏ ထုတ်ပြန်ချက်များအရ ၂၀၀၈ခုနှစ်၊ဖေဖော်ဝါရီမှစ၍ ကမ္ဘာတဝှမ်းငွေကြေးဖောင်းပွ မှုမှာ စံချိန်တင်မြင့်တက်လာခဲ့သည်။ IMF ၏ အချက်အလက်များအရ Inflation သည် ရေနံတင်ပို့ ရောင်းချသည့် နိုင်ငံများတွင် အမြင့်ဆုံးဖြစ်နေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ တိုးတက်ဖြစ်ပေါ်နေသည် ။ ILO ၏ ခန့်မှန်းချက်များအရ ၂၀၀၉ခုနှစ်အရောက်တွင် ယခုငွေကြေးအခက်အခဲကြောင့် ကမ္ဘာတဝှမ်း အလုပ်လက်မဲ့ ဦးရေသည် သန်း ၂၀ အထိ ရှိလာလိမ့်မည် ဖြစ်သည် ။

    အမေရိကန်နိုင်ငံ ပြည်တွင်း ငွေကြေးဆိုင်ရာအခက်အခဲ
    ၂၀၀၈ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ပစ္စည်းပေါင်နှံမှုပြဿနာ (Mortgage Crisis)နှင့် ဒေါ်လာ တန်ဖိုး လျော့ကျသည့်ပြဿနာများကို ရင်ဆိုင်နေရသည့်အချိန် ဖြစ်သည်။ ၂၀၀၈ခုနှစ် အစောပိုင်း ကာလကပင် အမေရိကန်နိုင်ငံတွင် စီးပွားရေးကျဆင်းမှု စတင်ဖြစ်ပေါ်နေပြီဟု လေ့လာသူ အတော်များများမှ ယုံကြည်ထားကြသည် ။ Federal Reserve ၏ ယခင်သဘာပတိဖြစ်ခဲ့သူ Alan Greenspan မှ US တွင် လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးပြဿနာသည် ဒုတိယကမ္ဘာစစ် အပြီးမှစ၍ အဆိုးဆုံးဖြစ်သည်ဟု မှတ်ချက် ပြုခဲ့သည် ။

    July ၁၁ရက်နေ့တွင် အမေရိကန်နိုင်ငံမှ အကြီးဆုံး အပေါင်လက်ခံသည့် Indy Mae အား အစိုးရမှ ထိန်းချုပ်လိုက်သည်။ September 13 တွင် Lehman Brothers မှ တဖန်ဒေဝါလီခံသွားခဲ့သည်။ အခြား ရှေ့ဆောင်ငွေကြေးဆိုင်ရာ ကုမ္ပဏီကြီးဖြစ်သော Merill Lynch အားလည်း အမေရိကန် ဘဏ်ကြီး (Bank of America) မှ ၀ယ်ယူခဲ့သည်။ ထိုသို့ Lehman Brothers ဒေဝါလီခံခဲ့ရသဖြင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ဖြေရှင်းနိုင်ရန်အတွက် ဘဏ်(၁၀)ခုမှ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ (၇၀)ဘီလီယံအား အရေးပေါ် ရံပုံငွေအဖြစ် မတည်ခဲ့ကြသည်။ ၎င်းအပြင် ၂၀၀၈ခုနှစ်အတွင်း September လအထိ အမေရိကန် နိုင်ငံ တဝှမ်း ဒေဝါလီခံခဲ့ရသည့် ကုမ္ပဏီစုစုပေါင်း (၈၁)ခု ရှိခဲ့သည်။

    စက်တင်ဘာလတွင် အမေရိကန်နိုင်ငံအစိုးရ Secretary of Treasury မှ တင်ပြသည့် အထူး အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်အား သမ္မတဘုရှ်အစိုးရမှ ကွန်ဂရက်သို့ တင်ပြတောင်းဆိုခဲ့ပြီး ကွန်ဂရက်၌ အခြေအတင်ဆွေးနွေးကြပြီး $ 700 Billion ရှိ Bailout plan အား Congress မှ အတည်ပြု ပေးခဲ့ပါသည်။ အဆိုပါ $ 700 Billion နှင့်အတူ Emergency Economic Stabilization Act 2008 ကိုပါ ပြဌာန်းပြီး အမေရိကန်ပြည်ထောင်စုအတွင်း ဖြစ်ပေါ်နေသည့် Financial Crisis အား ကယ်တင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ အမေရိကန်နိုင်ငံ နည်းတူ EU နိုင်ငံများဖြစ်သော ဗြိတိန်၊ နော်ဝေး၊ ဩစတြေးလျ၊ ပြင်သစ် ငွေကြေးဈေးကွက်များကို ကယ်တင်နိုင်ရန် အစီအစဉ်များ ရေးဆွဲလုပ်ဆောင်လာခဲ့ကြသည်။

    အောက်တိုဘာ (၁၈)ရက်နှင့် (၁၉)ရက်နေ့များတွင် ပြင်သစ်သမ္မတ ဆာကိုဇီ၊ ဥရောပသမဂ္ဂဥက္ကဌ ဟိုဆေးမင်နူရယ်ဘာရိုဆိုတို့နှင့် တွေ့ဆုံဆွေးနွေးအပြီး သမ္မတဘွတ်ရှ်မှ လာမည့်နိုဝင်ဘာ (၁၅)ရက်နေ့တွင် ၀ါရှင်တန်၌ ငွေကြေးဆိုင်ရာ တာဝန်ရှိသူများ၏ အပြည်ပြည်ဆိုင်ရာ ညီလာခံတစ်ခုကို လက်ခံကျင်းပသွားမည့် အကြောင်း ကြေငြာခဲ့သည်။

    ကွန်ရက်မှ အတည်ပြုပေးခဲ့သည့် $ 700 Billion မှ ကနဦး $ 125 Billion အား ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အမေရိကန်ဘဏ်ကြီး (၉)ခု၏ ရှယ်ယာများအား ၀ယ်ယူရန်အတွက် သတ်မှတ်ခဲ့ပြီး နောက်ထပ် 125 Billon ဒေါ်လာအားလည်း ပိုမိုသေးငယ်သည့် ငွေချေးလုပ်ငန်းများအတွက် သတ်မှတ် ထားခဲ့သည်။ ၎င်းအပြင် ယခုအခါ U.S Treasury အနေဖြင့် နိုင်ငံအဝှမ်းရှိ ဘဏ်များနှင့် အခြား ငွေကြေး လုပ်ငန်းလုပ်ဆောင်သည့် ကုမ္ပဏီများအား ပစ်မှတ်ထားပြီး နောက်ထပ်အကူူပေးရန်အတွက် အစီအစဉ်သစ် အဖြစ် အာမခံကုမ္ပဏီများထံမှ အပေါင်ငွေများကို ၀ယ်ယူရန်အတွက် စီစဉ်လျက်ရှိသည် ။

    ထိုသို့ပြုလုပ်ခြင်းဖြင့် Treasury Secretary ဟင်နရီပေါလ်ဆင်၏ ကူညီရေးအစီအစဉ်ကို ပိုမို ကျယ်ပြန့်သွားစေမည်ဖြစ်သည် ။ ပေါလ်ဆင်အနေဖြင့် သူ၏မူလ Financial rescue program အစီအစဉ်အား ခန့်မှန်းထားကြသည်ထက် လျှင်မြန်စွာ ဈေးကွက်ပျက်စီးလာသည့်အတွက် Equity ရှယ်ယာများ ၀ယ်ယူရန်အတွက် အာရုံစိုက် လုပ်ဆောင်လာရသည် ။ ဘဏ်ကြီး (၁၀၀)၊ insurance ကုမ္ပဏီ ကြီးများ အပါအဝင် ငွေကြေးဆိုင်ရာကုမ္ပဏီများဖြင့် ဖွဲ့စည်းထားသည့် Financial Services Roundtable မှလည်း US Treasury အား ကယ်ဆယ်ရေးအစီအစဉ်အား insurance ကုမ္ပဏီများ၊ ငွေကြေးပွဲစား လုပ်ဆောင်သူများ၊ မော်တော်ယာဉ်ထုတ်လုပ်သူများမှလည်း အစိုးရထံသို့ ၎င်းတို့၏ ရှယ်ယာများအား ရောင်းချခွင့်ရရှိစေနိုင်မည့် အစီအစဉ်များကိုပါ ထည့်သွင်းရေးဆွဲပေးရန် ဖိအားပေးလျက် ရှိသည် ။

    နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများ
    အာရှနှင့် ဥရောပမှ နိုင်ငံခေါင်းဆောင်ကြီးများသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် (၂)ရက်ကြာတွေ့ ဆုံပြီး လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့စီးပွားရေးအခက်အခဲကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေနေကြသည်။ စနေနေ့က ပြုလုပ်ခဲ့သည့် ကြေငြာချက်တွင် ၎င်းတို့က မိမိတို့အနေဖြင့် ကျယ်ပြန့်သည့် သဘောတူညီချက် တစ်ခုကို ငွေကြေးအခက်အခဲကပ်ကြီးအား ဖြေရှင်းရန်အတွက် ရရှိထားပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ အမြင်များကို နောက်လတွင် ၀ါရှင်တန်၌ ပြုလုပ်မည့် ထိပ်သီးညီလာခံတွင် ဆက်လက်တင်ပြဆွေးနွေးသွား ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

    ၎င်းတို့မှ ဆက်လက်၍ ကမ္ဘာ့စီးပွားရေးကို လမ်းညွှန်မှုပေးမည့် ဥပဒေအသစ်များ ချမှတ်နိုင်ရေးနှင့် ပြဿနာနှင့် ရင်ဆိုင်နေရသည့် တိုင်းပြည်များအား အကူအညီပေးရာတွင် IMP မှ ဦးဆောင်သွားရန်ကိုလည်း သဘောတူညီခဲ့ကြသည်။

    တရုတ်သမ္မတ ၀မ်ကြားပေါင်မှ ပြောကြားရာတွင် "ကမ္ဘာ့စီးပွားရေးအပေါ် ယခုငွေကြေးပြဿနာမှ အမှန်တကယ်ထိခိုက်မှု မဖြစ်စေရန်အတွက် လိုအပ်သည့်နည်းလမ်းအားလုံးကို အသုံးပြုသွားရပါမည်" ဟု ပြောကြားခဲ့သည်။ သမ္မတဝမ်မှ ဆက်လက်ပြောကြားရာတွင် ယခုဖြစ်ပေါ်နေသည့် ပြဿနာများအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် ထိခိုက်မှုအနည်းငယ်သာ ရှိသေးသော်လည်း ကမ္ဘာတဝှမ်း ၀ယ်လိုအား လျော့ဆင်းမှုကြောင့် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိ်ုးတိုးတက်မှုနဲ့ ရောသွားလိမ့်မည််ဟု ပြောကြားခဲ့သည် ။ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၄%သို့ လျော့ကျသွားခဲ့သော်လည်း ကမ္ဘာ့စီပွားရေးအင်အား ကြီးနိုင်ငံများတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ အမြင့်ဆုံးဖြစ်သည် ။

    IMF အနေဖြင့်လည်း အိုက်စလန်မှ စ၍ ပါကစ္စတန်အထိ နိုင်ငံပေါင်း ၁၂နိုင်ငံထံသို့ ချေးငွေထုတ်ချေး နိုင်ရေး ညှိနှိုင်းလျက်ရှိသည်။ အစိုးရများအနေဖြင့်လည်း ဒေါ်လာ 4 Billion ခန့်အထိကို ဘဏ်လုပ်ငန်းများ အပါအဝင် ငွေကြေးဈေးကွက် ပြန်လည် နလန်ထူလာရေးအတွက် ပမာဏပြရန်အတွက် ကတိကဝတ် ပြုထား ခဲ့သည်။

    ယခုအခါတွင် ကမ္ဘာ့ငွေကြေးပြဿနာသည် ဆင်းရဲချမ်းသာ မရွေး တိုင်းပြည်အများ ခံစားနေရပြီ ဖြစ်သည်။ စီးပွားရေးအခက်အခဲမှာ ကြာရှည်စွာဖြစ်မည်ကို စိုးရိမ်လျက်ရှိသည့်အတွက် ကမ္ဘာတဝှမ်းနှင့် ရှယ်ယာများ သောကြာနေ့တွင် ထိုးဆင်းသွားစေခဲ့သည်။ အာရှတွင် နီကေ Average သည် ၅နှစ်အတွင်း အောက်ဆုံးအဆင့်အဖြစ် ၉.၆% ထိုးဆင်းသွားခဲ့သည် ထို့အတူ ဟောင်ကောင်၊မွန်ဘေနှင့် ဆိုးလ်မြို့တို့ တွင်လည်း အလားတူ ရှယ်ယာများ ကျဆင်းသွားခဲ့သည်။

    ဥရောပတွင်လည်းကောင်း၊ US တွင်လည်းကောင်း၊ အလားတူ ဖြစ်ခဲ့သည့် ဂျပန်၊ယမ်းငွေများမှာမူ ၁၃နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၊ US ဒေါ်လာတွင် ၉၄.၆ ယမ်း အထိ ထောင်တက်ခဲ့သည် ။

    ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံအားလုံးတို့အနေဖြင့် ယခုဖြစ်ပေါ်နေသည့် ငွေကြေး အခက်အခဲအား ပူးပေါင်း ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေလျက်ရှိသော်လည်း ပြဿနာမှာ ရပ်တန့်သွားမည့် အရိပ် အခြေအနေ မတွေ့ရှိရေးသေးပေ ။

    လင်းဦး(စိတ်ပညာ)

    1 comments:

    ပျံသန်းခြင်းရပ်ဝန်း said...

    ်ကိုလင်းဦးရေ..
    financial crisis ကိုကယ်တင်ဖို့
    ထက် ကိုယ့်အပေါ်ရိုက်ခတ်လာတဲ့ဒဏ်
    ကိုတောင်တော်တော်လေးကြိုးစားပြီးခံနေရပါတယ်။
    ဆက်ရေးပါကိုလင်းဦးရေ..အစဉ်အားပေးနေပါတယ်...။ဗဟုသုတလည်းရပါတယ်..။

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo