အိုဘားမား၏ သမိုင်းဝင် အမေရိကန် ရွေးကောက်ပွဲ အောင်မြင်မှု

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,
  • Click to enlarge



    ဒီမိုကရက်တစ်အမတ် ဘာရက်အိုဘားမားသည် အမေရိကန် ပြည်ထောင်စု၏ ပထမဦးဆုံးသော လူမဲ သမ္မတဖြစ်လာပါသည်။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော ပြောင်းလဲမှုသည် ယနေ့ည အမေရိကန် နိုင်ငံတွင် ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သမ္မအဖြစ် အရွေးခံခဲ့ရသည့် အိုဘားမားက ရှီကာဂိုမြို့တွင် အောင်ပွဲခံ ပရိသတ်ကို ပြောကြားခဲ့ပါသည်။


    ၎င်း၏ပြိုင်ဘက် ဂျွန််မတ်ကိန်းသည် အိုဘားမားအနိုင်ရမှုကို လက်ခံခဲ့ပြီး ၎င်းက အိုဘားမားကို လေးနက်စွာဖြင့် ချီးမွမ်းကြောင်းနှင့် ထောက်ခံပါကြောင်း၊ မိမိကို ထောက်ခံသူများကလည်း လာမည့်သမ္မတ အတွက် အလားတူ ချီးမွမ်းထောက်ခံပေးပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

    ဘီဘီစီသတင်းထောက် ဂျပ်စတင်ဝက််မှ မဲရလဒ်များသည် အမေရိကန်အတွက် ကြီးမားသော အကျိုး သက်ရောက်မှု ရှိလိမ့်မည်ဖြစ်ပါကြောင်း၊ ယခုရလဒ်သည် အမေရိကန်၏ အလွှာအသီသီးကို ပြောင်းလဲ စေမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


    ချီကာဂိုမြို့၊ ဂရန်ပတ်ရှိ ထောင်သောင်းချီသော လူများ၏ရှေ့တွင် အိုဘားမားက ၎င်း၏မိသားစုနှင့် ၎င်း၏ ဒုတိယသမ္မတ ဂျိုးဘီဒင်တို့နှင့်အတူတွဲ၍ ပြောကြားရာ၌ အမေရိကန်ဆိုသော နေရာသည် အရာအားလုံးကို ဖြစ်နိုင်သည်ဟု ဆိုသည့်အပေါ် သံသယရှိမှု၊ မိမိတို့နိုင်ငံအား ထူထောင်ခဲ့သူများ၏ အိမ်မက်အပေါ် သံသယရှိမှုနှင့် မိမိတို့၏ ဒီမိုကရေစီ၏စွမ်းအားအပေါ် သံသယရှိမှုတို့သည် ယနေ့ညတွင် ဖြေရှင်းပြီးသားဖြစ်သွားပြီ ဖြစ်ပါကြောင်း၊ ဂျွန်မတ်ကိန်း၏ လေးနက်စွာချီးမွမ်းထောက်ခံမှုကို လက်ခံရရှိ ခဲ့ပါကြောင်းနှင့် ဗီယက်နမ်စစ်ပွဲတွင် အကျဉ်းသားဖြစ်ခဲ့ရသူ
    ဂျွန်မတ်ကိန်းအား ရဲရင့်၍ အတ္တကင်းသည့် ခေါင်းဆောင်အဖြစ် ချီးမွမ်းပြောကြားသွားခဲ့ပါသည်။ ထို့ပြင် ၎င်းက ဂျွန်မတ်ကိန်းအပေါ် မည်သူမျှ မတွေးနိုင်လောက်အောင် အမေရိကန်နိုင်ငံအပေါ် စွန့်လွှတ်စွန့်စားခဲ့သူဖြစ်ကြောင်း ထပ်လောင်း ပြောကြား ခဲ့ပါသည်။


    အိုဘားမားက မိမိတို့အနေဖြင့် ယနေ့ညအောင်ပွဲခံသည့်တိုင် မိမိတို့ ဘဝတစ်လျှောက်တွင် အကြီးမားဆုံးဖြစ်မည့် စိန်ခေါ်မှုများသည် မနက်ဖြန်တွင် သယ်ဆောင်လာမည် ဖြစ်သည်ကို သိရှိပါကြောင်း၊ မိမိတို့အနေဖြင့် စစ်ပွဲနှစ်ပွဲကို ဆင်နွှဲရလိမ့်မည်ဖြစ်ပါကြောင်း၊ စစ်ပွဲတစ်ပွဲမှာ အမေရိကန်နိုင်ငံအပေါ် အကြမ်းဖက် ခြိမ်းခြောက်မှုများနှင့် အခြားတစ်ခုမှာ ယခုရာစုနှစ်အတွင်း ပေါ်ပေါက်သည့် အဆိုးဝါးဆုံးသော ဘဏ္ဍာရေးအကျပ်အတည်း စစ်ပွဲတို့ကို ဆင်နွှဲရမည် ဖြစ်ပါကြောင်း၊ မိမိတို့ရှေ့ဆက်လျှောက်ရမည့် လမ်းမှာ ရှည်လျားပါကြောင်း၊ မိမိတို့တက်ရမည့် ကမ်းပါးသည် မတ်စောက်ပါေြ
    ကာင်း၊ သို့ရာတွင် အမေရိကန် အနေဖြင့် ကျော်လွှားသွားနိုင်မည်ဟူသော ယနေ့ညမျှော်လင့်ချက်ထက် ပိုကောင်းသော မျှော်လင့်ချက်များသည် မရှိပါကြောင်းဖြင့် ပြောကြားသွားခဲ့ပါသည်။ ချီကာဂိုမြို့နှင့် ၀ါရှင်တန်ဒီစီမြို့၏ ပင်ဆာဗေးနီးယား ရိပ်သာတို့တွင် အိုဘားမားအနိုင်ရရှိကြောင်း ကြေငြာပြီးနောက်ပိုင်း နာရီပေါင်းများစွာ အောင်ပွဲခံမှုများကို ကျင်းပခဲ့ကြပါသည်။


    အိုဘားမားအနေဖြင့် အဓိကပြည်နယ်ဖြစ်သည့် ပင်ဆာဗေးနီးယားနှင့် အိုဟိုင်းအိုးတွင် အနိုင်ရရှိပြီးနောက် သမ္မတအဖြစ် သတ်မှတ်မဲ ၂၇၀ ကို ရရှိခဲ့ပြီး ကာလီဖိုးနီးယားနှင့် အခြားပြည်နယ်များတွင်လည်း ဆက်လက် အနိုင်ရရှိခဲ့ပါသည်။ ထို့ပြင် ယခင် ၂၀၀၄ခုနှစ်က ရီပါဘလီကန်များ ကြီးစိုးခဲ့သည့် ဖလော်ရီဒါ၊ ဗာဂျီးနီးယားနှင့် ကော်ရိုလာဒိုး ပြည်နယ်များတွင်လည်း အနိုင် ရရှိခဲ့ပါသည်။ အခြားပြည်နယ်များတွင် အနိုင်ရရှိမှုသည် ဂျွန်မတ်ကိန်း အနိုင်ရရှိမှုနှင့် တန်းတူနေရာတွင် ရှိခဲ့ပါသည်။

    အဆုံး၌ အိုဘားမားသည် သမ္မတအဖြစ် သတ်မှတ်မဲ (၂၇၀)ကို ကျော်၍ (၃၃၈)မဲဖြင့် ဂျွန်မတ်ကိန်းကို အနိုင်ရရှိခဲ့ပါသည်။ ဂျွန်မတ်ကိန်းအနေဖြင့် (၁၅၆)မဲသာ ရရှိခဲ့ပါသည် ။ ရာခိုင်နှုန်းအားဖြင့် အိုဘားမားသည် မဲစုစုပေါင်း၏ ၅၁.၃%ကို ရရှိပြီး၊ ဂျွန်မတ်ကိန်းအနေဖြင့် ၄၇.၄%သာ ရရှိခဲ့ပါသည်။ အိုဘားမားအနေဖြင့် ယခင်၂၀၀၄ခုနှစ်တွင် ရီပါဘလီကန်များ အနိုင်ရရှိခဲ့သော ပြည်နယ်များဖြစ်သည့် အိုဟိုင်းအို၊ နယူးမက်ဆီကို၊ အိုင်အိုဝါ၊ ဗာဂျီးနီးယား၊ ဖလော်ရီဒါ၊ ကော်ရိုရာဒိုနှင့် နီဗာဒါး ပြည်နယ်များတွင် အနိုင်ရရှိခဲ့ပါသည် ။

    ထို့ပြင် ဗားမောက်၊ နယူးဟန်ရှားယား၊ ပင်ဆာဗေးနီးယား၊ အီလီနွိုက်၊ ဒီလာဝဲယား၊ မက်ဆာချူးဆက်၊ ကိုလံဘီယာခရို်င်၊ မေရီလင်း၊ ကွန်နက်တီကပ်၊ မိုင်း၊ နယူးဂျာစီ၊ မီရှီဂင်၊ အာကင်းဆပ်၊ အလာဘာမား၊ ကင်းဆပ်၊ မြောက်ဒါကိုတာ၊ ၀ိုင်ရိုမင်း၊ ဂျော်ဂျီယာ၊ လူဝီယားနား၊ အနောက်ဗာဂျင်နီးယား၊ တက်ဆပ်၊ မစ္စစ္စပီ၊ အူတာရှ်၊ အာရီဇိုးနား၊ အိုင်ဒါဟိုနှင့် တောင်ဒါကိုဒါ ပြည်နယ်များတွင် အနိုင်ရရှိခဲ့ပါသည်။




    ဒီမိုကရက်တစ်များ အနေဖြင့် အမတ်နေရာတွင်လည်း ရီပါဘလီကန်အမတ်နေရာများဖြစ်သည့် ဗာဂျင်နီယား၊ မြောက်ကာရိုလိုင်းနား၊ နယူးဟန်ရှားယား၊ နယူးမက်ဆီကိုနှင့် ကော်ရိုရာဒို နေရာများကို ရယူခဲ့ကြပါသည် ။ လွှတ်တော်တွင် အမတ်အများစု၏နေရာကို တိုးတက်ရယူနိုင်ခဲ့ပါသည် ။ မဲရုံများ၏ အဆိုအရ မဲပေးသူ (၁၀)ဦးအနက် (၆)ဦးအတွက် အဆုံးအဖြတ်မဲကို နိုင်ငံတွင်ဖြစ်ပွားနေသည့် စီးပွားရေး အကျပ်အတည်း ကိစ္စက ဆုံးဖြတ်ခဲ့ပါကြောင်း ပြောပါသည်။ Associated Press က သမ္မတလောင်းတို့၏ လူမျိုးကွဲပြားမှုနှင့် အသက်အရွယ်ခြားနားမှုတို့သည် ယခုရွေးကောက်ပွဲတွင် အဓိကနေရာမှ မဟုတ်ပါ ကြောင်း ပြောကြားပါသည်။

    ယခုရွေးကောက်ပွဲသည် ၁၉၆၀ခုနှစ်က စတင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများအနက် လူအများဆုံး မဲပေးသော ရွေးကောက်ပွဲကြီး ဖြစ်ပါကြောင်း၊ ပြည်နယ်အတော်များများက ပြောကြားကြပါသည်။ အာဖရိက - အမေရိကန်လူမျိုးများအနေဖြင့်လည်း ယခုရွေးကောက်ပွဲသည် ၎င်းတို့အတွက် စိတ်လှုပ်အရှားရဆုံးသော အချိန်အခါလည်း ဖြစ်ပါသည်။ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သူ ဂျွန်လူဝစ်က အက်လန်တာရှိ Ebenezer Baptist Church ကို ပြောကြားရာ၌ ယခုညသည် ကြီးကျယ်သော ည ၊ မယုံနိုင်စရာ ကောင်းသောည ၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ဖော်ညွှန်းသော ညဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည် ။

    လင်းဦး(စိတ်ပညာ)

    0 comments:

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo