ဘင်္ဂလားဒေ့ရှ်မှ ရေနံပြဿနာကို ဖြေရှင်းရန် အထူးသံတမန်များအား မြန်မာသို့ စေလွှတ်

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေနံနှင့် သဘာဝဓါတ်ငွေ့သိုက်များ အလားအလာရှိသည့် ဘင်္ဂလား ပင်လယ်အော်တွင် အိမ်နီးနားချင်းနိုင်ငံများမှ သင်္ဘောများ ၀င်ရောက်မှုအတွက် နယ်နမိတ်ပြဿနာ ဖြေရှင်းနိုင်ရန် အထူးသံတမန်များအား ယနေ့မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါသည်။

    မြို့တော် ဒါကာမှနေ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး Nazrul Islam က ဖုန်းဖြင့် ပြောကြားရာတွင် မြန်မာနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်ပါကြောင်းနှင့် ၎င်းတို့၏ သံအမတ်ကို နှစ်ကြိမ်ဆင့်ခေါ်ခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ စေလွှတ်သည့် ဘင်္ဂလားဒေ့ရှ်အရာရှိများအဖွဲ့ကို နိုင်ငံခြားရေးအတွင်းဝန် Touhid Hossain က ဦးဆောင်ပါသည်။

    ရေတပ်သင်္ဘောငယ် (၃)စီးခြံရံလျက် မြန်မာရေနံရှာဖွေရေးသင်္ဘောသည် လွန်ခဲ့သောအပတ်က စိန့်မာတင်ကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၅၀ (၉၃ ကီလိုမီတာ) ဧရိယာအတွင်းသို့ ၀င်ရောက်ခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်က အဆိုပါ ဧရိယာမှာ ၎င်းတို့၏ နယ်နမိတ်ရေပိုင်နက်သို့ ကျရောက်ပြီး မြန်မာသင်္ဘောများသည် ရေကြောင်းနယ်နမိတ်အား စေ့စပ်ညှိနှိုင်းမှုများမှ သတ်မှတ်ပြီးသည့်အချိန်အထိ ပြန်လည် ဆုတ်ခွာပေးရန် တောင်းဆိုပါသည်။

    ဆင်းရဲသောနှစ်နိုင်ငံအနေဖြင့် စွမ်းအင် သယံဇာတ ပေါကြွယ်ဝသည့် ဘင်္ဂလားပင်လယ်အော်ကို ထိန်းချုပ်နိုင်သမျှ ထိန်းချုပ်ရန် စိတ်အားထက်သန်လျက် ရှိပါသည်။ Islam မှ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖော်ပြပါပြဿနာကို ဆွေးနွေးရန်အတွက် (၂)ရက်ကြာ ခရီးစဉ်အဖြစ် နိုဝင်ဘာလ(၆)ရက်နေ့တွင် ဒါကာမြို့တော်သို့ ရောက်ရှိလိမ့်မည််ဖြစ်ကြောင်းပြောပါသည်။

    ဘင်္ဂလားဒေ့ရှ်အနေဖြင့် အခြေအနေတင်းမာမှုကို လျော့ပါးစေလိုသော ဆန္ဒရှိပါကြောင်း Islam က ဆိုပါသည်။ အဆိုပါ ပြဿနာနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ လူသိထင်ရှား ရှင်းလင်းထုတ်ပြန်ခြင်း မရှိပါ ။

    ဘင်္ဂလားဒေ့ရှ်အနေဖြင့် အရံသဘာဝဓါတ်ငွေ့ (၁၃.၇၇) ထရစ်လီယံ ကုဗပေ (သို့မဟုတ်) ကမ္ဘာ့ စုစုပေါင်း၏ (၀.၂)ရာခိုင်နှုန်းရှိပြီး ၊ BP Plc ၏ အဆိုအရ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၇ခုနှစ်ကုန်တွင် ၂၁.၁၉ ထရီလီယံ ကုဗပေ (သို့မဟုတ်) ကမ္ဘာ့စုစုပေါင်း၏ (၀.၃)ရာခို်င်နှုန်း ရှိပါသည် ။ ကုန်းတွင်းအပြင် အများစုမှာ ဘင်္ဂလားပင်လယ်အော်တွင် ရှိပါသည် ။

    အမေရိကန်အစိုးရ၏ စာရင်း ဇယားများအရ ၂၀၀၇ခုနှစ်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ တစ်ဦးချင်း စုစုပေါင်းပြည်တွင်းထုတ်ကုန်မှာ ဒေါ်လာ (၁,၉၀၀)နှင့် ဒေါ်လာ (၁,၄၀၀) အသီးသီးရှိပါသည်။

    အထူးသဖြင့် တရုတ်သည်လည်း ယင်းကိစ္စတွင် ဘယ်ဘက်သို့ လိုက်ပါမည်ကို ကျွန်တော် စဉ်းစားကြည့်မိ ပါသည်။ ဘင်္ဂလားဒေ့ရှ်သည် တရုတ်ပစ္စည်းများ၊ လက်နက်များကို အသုံးပြုနေသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည် ။ မြန်မာအစိုးရဖက်မှ ပြောကြားသည်မှာ ယင်းပိုင်နက်သည် မြန်မာမှ ပို်င်ဆိုင်ပါကြောင်း၊ ယခုလို ရေနံထွက်လာသည့်အခါမှ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည်ဟု မပြောသင့်ကြောင်း ပြောကြားပါသည်။

    လင်းဦး(စိတ်ပညာ)




    1 comments:

    thihanyein said...

    ကိုယ့်နိုင်ငံအရေးဆိုတော့ပိုပြီးတော့ စိတ်ဝင်တစား
    ဖတ်မိတယ်အကို ခုလိုဝေမျှပေးတာကျေးဇူးတင်ပါတယ်
    ခင်ဗျာ ရွှင်လန်းချမ်းမြေ့ပါစေအကို

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo