တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဇင်ဂျီအန်(Xinjiang) တွင် အကြမ်းဖက်မှုဖြစ်ပွား

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်မြောက်ဘက်ရှိ Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၏ မြို့တော် Urumqi တွင် အကြမ်းဖက်မှုဖြစ်ပွားစဉ် လူ(၁၄၀)ဦး သေဆုံးပြီး လူ(၈၀၀)ကျော် ဒဏ်ရာရရှိခဲ့သည် ဟု Xinjiang ပြည်သူ့လုံခြံုရေးဌာန၏ သတင်းအရ ဆိုပါသည်။ သေဆုံးမှုမှာ ဖော်ပြပါ အရေအတွက်ထက် များနိုင်သည်ဟု ဆိုပါသည်။

    ဒေသအာဏာပိုင်များ၏အဆိုအရ တနင်္ဂနွေနေ့အကြမ်းဖက်မှုသည် ခွဲထွက်ရေးသမားအုပ်စု၏ စီစဉ် ညွှန်ကြားမှုဖြစ်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် နှောက်ယှက်ဖျက်စီးရန် ရည်ရွယ်သည်ဟု ဆိုပါသည်။

    အဓိကရုဏ်းဖြစ်ချင်သူများသည် တနင်္ဂနွေညနေခင်းတွင် Urumqi မြို့၏ လမ်းများတွင် နေရာယူ လူစုပြီး၊ ချီတက်ဆန္ဒပြမှုမှတစ်ဆင့် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းသွားခြင်းဖြစ်ပါသည်။

    စတင် စုံစမ်းစစ်ဆေးချက်များအရ ယခုအကြမ်းဖက်မှုသည် World Uyghur Congress အမည်ရှိ ခွဲထွက်ရေးအုပ်စု၏ စီစဉ်ညွှန်ကြားမှုဖြစ်သည်ဟု ဆိုပါသည်။ ၎င်းအုပ်စုကို ခေါင်းဆောင်သူမှာ ယခင်စီးပွားရေး လုပ်ငန်းရှင် တရုတ်အမျိုးသမီး Rebiya Kadeer ဖြစ်သည်ဟု ဆိုပါသည်။

    မကြာသေးမီက အဆိုပါခွဲထွက်ရေးအုပ်စုအနေဖြင့် အင်တာနက်မှတစ်ဆင့်လည်းကောင်း၊ အခြား နည်းလမ်း များဖြင့်လည်းကောင်း အဓိကရုဏ်းဖြစ်ချင်သူများကို ပို၍ရဲရင့်ရန်နှင့် တစ်စုံတစ်ခု ကြီးမားသော လုပ်ဆောင်မှုကို ပြုလုပ်ရန် တိုက်တွန်း၍ အခြေအနေကို မငြိမ်မသက်ဖြစ်စေရန် ဆွပေးခဲ့ပါသည်။

    Xinjiang ဒေသဆိုင်ရာ အစိုးရက ပြောကြားသည်မှာ ယခုအကြမ်းဖက်မှုနောက်ကွယ်တွင် အကြမ်း ဖက်ဝါဒ (Terrorism)၊ ခွဲထွက်ရေးဝါဒ (Separatism) နှင့် အစွန်းရောက်ဝါဒ (Extremism) တို့ ကြီးစိုးလျက် ရှိသည်ဟု ဆိုပါသည်။

    ထို့ပြင် အခြေအနေ မငြိမ်မသက်ဖြစ်စေရန် ဆွပေးသူများက စနေနေ့ ညနေခင်းတွင် အင်တာနက်မှ တစ်ဆင့် Urumqi မြို့တွင် ဆန္ဒပြရန်တိုက်တွန်းသည့် သတင်းများကို ဖြန့်ဝေခဲ့သည်ဟု ဆိုပါသည်။


    ၎င်းအပြင် ခွဲထွက်ရေးအုပ်စု၏ခေါင်းဆောင်ဖြစ်သည့် ယခင်စီးပွားရေးလုပ်ငန်းရှင် တရုတ်အမျိုးသမီး Rebiya Kadeer က တနင်္ဂနွေနေ့တွင် တိုင်းပြည်ရှိ သူမ၏ အပေါင်းအပါများကို ဆက်လက်၍မငြိမ်မသက် ဖြစ်စေရန် လှုံ့ဆော်တိုက်တွန်းခဲ့သည်ဟု ဆိုပါသည်။

    ဒေသဆိုင်ရာ အစိုးရအာဏာပိုင်များက ယခုအချိန်တွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဟု ဆိုပါသည်။

    ထို့ပြင် ရဲများအနေဖြင့် အကြမ်းဖက်မှုတွင် ပါ၀င်သူ ရာပေါင်းများစွာကို ဖမ်းဆီးလိုက်နိုင်ပြီး ၎င်းဖမ်းဆီးသူများထဲတွင် ယခုကဲ့သို့ အခြေအနေကို မငြိမ်မသက်ဖြစ်စေရန် ဖန်တီးခဲ့သည့် အဓိကပုဂ္ဂိုလ် (၁၀)ဦးထက်မနည်း ပါ၀င်သည်ဟု ဆိုပါသည်။ ရဲများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှုအား နောက်ကွယ်တွင် ကြိုးကိုင်နေသည့် အခြားအဓိကကျသည့် ပုဂ္ဂိုလ်(၉၀)ဦးကိုလည်း ရှာဖွေလျက်ရှိသည်ဟု ဆိုပါသည်။ ဖော်ပြပါ အကြမ်းဖက်မှုကို နှိမ်နင်းရာ၌ ရဲအရာရှိ(၁)ဦး သေဆုံးပြီး ပြည်သူအများအပြား သေဆုံးခဲ့သည်ဟု ဆိုပါသည်။
    လင်းဦး(စိတ်ပညာ)

    0 comments:

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo