တရုတ်နိုင်ငံ၏ Xinjiang ဒေသတွင် လူမျိုးစုကြား တင်မာမှုများ မြင့်တက်ဖြစ်ပွား

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,
  • ထောင်ပေါင်းများစွာသော ဟန်မျိုးနွယ်တရုတ်လူမျိုးများသည် တင်းပုတ်များ၊ ဓါးရှည်များဝှေ့ရမ်းလျက် Xinjiang ဒေသ၏ မြို့တော်လမ်းမများတွင် လှည့်လည်ဆန္ဒပြလျက်ရှိပြီး Uighur မျိုးနွယ်များနှင့်စပ်ကြား၊ စပ်ကြား တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြသည်။

    ထိုသို့ ရုန်းရန်းဆန်ခတ်ဖြစ်မှုများ အသစ်ထပ်မံ၍ ဖြစ်ပေါ်ခဲ့ သည့်အတွက် တရုတ်သမ္မတ ဟူကျင်တောင်သည် အီတလီ တွင်ပြုလုပ်မည့် G8 အစည်းအဝေးသို့ မတက်ရောက်တော့ပဲ ပြန်လာခဲ့ရသည်။ ထိုသို့ သမ္မတဟူအနေဖြင့် ကမ္ဘာ့အရေးပါ အစည်းအဝေးဖြစ်သော G8 ဆွေးနွေးပွဲကို ဖျက်ပြီးစောစီးစွာ ပြန်ခဲ့ခြင်းသည်ပင်လျှင် ယခုဖြစ်ပေါ်နေသည့် ဆန္ဒပြမှုများ၏ ဆိုးရွားမှုအခြေအနေကို ပြသနေခြင်းဖြစ်ပါသည်။ Urumqi တွင် အစိုးရမှ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး လုံခြံုရေးတပ်ဖွဲ့ဝင်များမှလည်း မြို့တော် တစ်ဝှမ်း တိုးပြီး ဖြစ်ပေါ်လာသည့် ရန်လိုမှုများကို ထိန်းကွပ်နိုင်ရန် ရည်ရွယ်ပြီး လူမျိုးစု(၂)စုအား ခွဲထုတ်ရန် စီစဉ်လျက်ရှိသည်။ အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ၁၁ နာရီ Curfew ကြောင့် မြို့အတွင်း ငြိမ်သက်မှုအခြေ အနေတစ်ရပ်အထိ ရရှိစေခဲ့သည်ဟု ဆိုနိုင်သည်။

    အင်္ဂါနေ့တွင် အရေးပေါ်အမိန့်အား ရုတ်သိမ်းခဲ့သည့်အချိန်တွင် ဒေသခံအစိုးရမှ မြို့တွင်းလုံခြံုရေးကို တပ်ဖွဲ့ဝင်အသစ်များအား ကားများနှင့် လာရောက်ချထားပြီး အင်အားဖြည့်တင်းခဲ့သည်။ အဆိုပါတပ်ဖွဲ့ဝင် အချို့မှာ AK-47 ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားကြသည်။ ဒေသခံပြည်သူများမှ လမ်းများပေါ်သို့ ပြန်လည်ထွက်လာခဲ့သော်လည်း ထပ်မံ၍ ပြဿနာဖြစ်ပေါ်မည့်အရိပ်အရောင် မတွေ့ရှိရသေးပေ။

    အင်္ဂါနေ့တွင် ထပ်မံ၍ ဖြစ်ပေါ်ခဲ့သည့် တရုတ်ပြည်၏ အဓိကတိုင်းရင်းသားမျိုးနွယ်စုဖြစ်သည့် ဟန်မျိုး နွယ်စုနှင့် Xinjiang ဒေသ၏ ဒေသခံ မျိုးနွယ်စုဖြစ်သည့် တူရကီဘာသာစကားပြော မွတ်ဆလင်ဘာသာ အဓိကဖြစ်သည့် Uighur မျိုးနွယ်စုတို့ကြား တိုက်ခိုက်မှုများသည် အစိုးရမှ တပ်ဖွဲ့ဝင်အင်အား ၂၀,၀၀၀ရှိ လုံခြံုရေးအဖွဲ့ဝင်များချထားပြီး အနည်းငယ်ငြိမ်သက်သွားပြီးမှ ထပ်မံ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။

    လုံခြံုရေးအဖွဲ့မှ ပြောဆိုရာတွင် တနင်္ဂနွေနေ့က ဖြစ်ခဲ့သည့် အဓိကရုဏ်းများကြောင့် လူ၁၅၆ဦး သေဆုံးပြီး ၁,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုသို့ သွေးထွက်သံယိုဖြစ်မှုများမှာ Uighur မျိုးနွယ်စု များအပေါ် အစိုးရ၏ ဆက်ဆံပုံများကို မကျေနပ်မှုများနှင့် တရုတ်နိုင်ငံတောင်ပိုင်းတွင် ဟန်မျိုးနွယ်စုများနှင့် တိုက်ခိုက်မှုများကြောင့် Uighur မျိုးနွယ်စုဝင် (၂)ဦးသေဆုံးခဲ့ခြင်းကို ကန့်ကွက်ခဲ့ခြင်းမှ စတင်လာခြင်းဖြစ် သည်။

    ဆန္ဒပြခြင်း၏ အဓိကအကြောင်းအရင်းကို တိကျစွာ မသိရှိရသေးသော်လည်း လူဦးရေ ၂.၄သန်းကျော် သည့် မြို့အတွင်း တိုးတက်ဖြစ်ပွားလာခဲ့သည်။ အကယ်၍ အစိုးရမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများ မှန်ကန်ပါက ယခုဖြစ်ပွားနေသည့် မငြိမ်သက်မှုသည် လွန်ခဲ့သော နှစ်ပေါင်း(၂၀)က ဘေဂျင်းမြို့တွင် ဖြစ်ပေါ်ခဲ့သည့် အစိုးရမှနှိပ်နင်းခဲ့သော အဓိကရုဏ်းအပြီး သွေးထွက်သံယိုအများဆုံး အဓိကရုဏ်းဖြစ်သည်။

    တနင်္ဂနွေနေ့က သေဆုံးခဲ့သည့် ဟန်မျိုးနွယ်စုအများမှ ၎င်းတို့၏ ဆိုင်များ၊အိမ်များ၊ လမ်းများပေါ်တွင် အသတ်ခံရသည့် ဟန်မျိုးနွယ်များဖြစ်သည်ကို ဒေါသထွက်နေကြသည့် ဒေသခံဟန်လူမျိုးများသည် သံတုတ် များ၊ အမဲဖြတ်ဓါးများ ကဲ့သို့သော ရရာလက်နက်များကို ကိုင်စွဲပြီး၊ အင်္ဂါနေ့က လမ်းပေါ်သို့ ထွက်လာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် Uighur ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်လျက် Uighur ရပ်ကွက်များကို တိုက်ခိုက်ခဲ့သည်။ “ကျွန်တော်တို့လည်း မိမိကိုယ်ကို ကာကွယ်ရမှာပေါ့၊ ကျွန်တော်တို့ မျိုးနွယ်စုတွေ အသတ်ခံနေရတယ်လေ” ဟု ဒေသခံ ဟန်အမျိုးသားတစ်ဦးမှ ပြောကြားခဲ့သည်။

    တစ်နေရာတွင် စစ်ဝတ်စစ်စား အဝတ်အစား ၀တ်ဆင်ထားသည့် လူတစ်ဦးမောင်းလာသည့် အမဲရောင်ကားတစ်စီးသည် ခရမ်းသီးများ သယ်ဆောင်လာသည့် ကားတစ်စီးအား ၀င်ရောက်တိုက်မိခဲ့သည်။ ဟန်မျိုးနွယ်စု တစ်စုသည် လက်နက်များကိုင်ဆောင်ပြီး ယဉ်မောင်းသူကို တိုက်ခိုက်ရန်ပြင်ဆင်ခဲ့ကြသည်။ ၎င်းတို့သည် အဆိုပါယဉ်မောင်းကို Uighur မျိုးနွယ်ဟု ယုံကြည်နေကြခြင်းဖြစ်သည်။

    ယခုကဲ့သို့ အဓိကရုဏ်းများဖြစ်ပေါ်နေခြင်းသည် တရုတ်နိုင်ငံ၏ ဗျူဟာမြောက်အရေးပါသည့် နယ်ခြားဒေသကို ကွပ်ကဲထိန်းချုပ်နိုင်မှုအပေါ် စိန်ခေါ်နေခြင်းဖြစ်သည်။ ဘေဂျင်းအနေဖြင့် တရုတ်နိုင်ငံ၏ ရေနံနှင့်သဘာဝဓါတ်ငွေ့များ ပေါကြွယ်ဝသည့် Xinjiang ဒေသအတွင်း Uighur မျိုးနွယ်များ၏ မကျေနပ် ဖြစ်နေမှုများကို ရင်ဆိုင်နေရသည်မှာ ကြာပြီဖြစ်သည်။

    အစိုးရသည် အဆိုပါဒေသအတွင်းသို့ ဟန်မျိုးနွယ်စုများ အလုံးအရင်းဖြင့် ၀င်ရောက်အခြေချနိုင်ရန် အားပေးခဲ့သည်။ ၎င်းကို Uighur မျိုးနွယ်စုများက မိမိတို့၏ ရိုးရာယဉ်ကျေးမှုများအပေါ် အရောင်ဆိုးမှု ဖြစ်ပေါ်စေနိုင်ပြီး ၎င်းတို့မျိုးနွယ်စုများကို ခွဲခြားဆက်ဆံနေခြင်းဖြစ်သည်ဟု စိုးရိမ်နေကြသည်။ ဒေသအတွင်း ယခုဖြစ်ပေါ်နေသည့် အဓိကရုဏ်းဖြစ်မှုများသည် များမကြာမီအတောအတွင်းက ဒေသသမိုင်းတွင် မကြံုစဖူး ပြင်းထန်သော ဆန္ဒပြမှုဖြစ်သည်။ ဟန်လူမျိုးများ၏ ပြန်လည်တိုက်ခိုက်နေမှုသည်လည်း ဒေသအတွင်း တည်ငြိမ်မှုအတွက် ပိုမို၍ စိုးရိမ်လာရသည့် အခြေအနေဖြစ်သည်။

    အင်္ဂါနေ့တွင် တာဝန်ရှိသူများက တည်ငြိမ်မှုရှိရန်အတွက် တောင်းဆိုခဲ့သည်။ သို့ရာတွင် နိုင်ငံတော် ပိုင် TV တွင် တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့သည့် ပျက်စီးမှုအခြေအနေကြောင့် ဟန်လူမျိုးနွယ်စုများမှ Uighur များအပေါ် အမျက်ဒေသထွက်နေပုံရသည်။ တရုတ်အစိုးရသည် ထိုသို့ မငြိမ်သက်ဖြစ်နေမှုများကို ပြည်ပမှ Uighur လှုပ်ရှားသူများအပေါ် အပြစ်ပုံချရန် ကြိုးစားလျက်ရှိပုံရသည်။

    အစိုးရမှ အင်္ဂါနေ့တွင် ယခုမငြိမ်သက်မှုကို လှုံ့ဆော်သူများဟု စွပ်စွဲထားသည့် The World Uyghur Congress နှင့် ၎င်း၏ ခေါင်းဆောင် Rebiya Kadeer တို့အပေါ်ထိုး ထိုးနှက်မှုများကို အရှိန်မြှင့်တင်ခဲ့သည်။ ၎င်းအပြင် Urumqi ဒေသအတွင်း ဆက်သွယ်ရေးကိုလည်း ပို၍ တင်းကြပ်လိုက်ပုံရသည်။ ဒေသခံများ အနေဖြင့် Text Message များ အပြည်ပြည်ဆိုင်ရာခေါ်ဆိုမှုများပြုလုပ်ရာတွင် အခက်အခဲများ ရှိခဲ့ကြသည်။

    သို့ရာတွင် ဒေသဆိုင်ရာအာဏာပိုင်များသည် Urumqi သို့ နိုင်ငံခြားသတင်းထောက်များကို ဖိတ်ခေါ်ခဲ့ပြီး ရံဖန်ရံခါ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် တရုတ်အစိုးရမှ တိဗက် အရေးအခင်းအတွင်း နှိမ်နင်းမှုများအပေါ် အဝေဖန်ခံခဲ့ရပြီးနောက် ၎င်းတို့ဘက်မှ တရားဝင်ထုတ်ပြန် မှုများကို ပိုမို၍ သိရှိနားလည်နိုင်စေရန် ကြိုးစားလာခြင်း ဖြစ်ဟန်တူပါသည်။
    လင်းဦး(စိတ်ပညာ)

    2 comments:

    တားမြစ် ထားသော... said...

    ဝေမျှပေးတာ ကျေးဇူးပါ။

    သုခမိန်(E-Journal)

    Apprenticeship said...

    ၂၁ ရာစုမှာ လူမျိုးချင်းတိုက်ဖျက်မှုတွေလုပ်နေတာ ၁၉ ရာစုကို ပြန်သွားနေသလိုပဲ... :(

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo