ပြင်သစ်သမ္မတ ဆေးရုံတက်ပြီးနောက် အနားယူ

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,

  • တနင်္လာနေ့က ပြင်သစ်သမ္မတရုံးမှ ပြောကြားရာတွင် ပြင်သစ်သမ္မတသည် ပူပြင်းသောရာသီတွင် တဖြည်းဖြည်း ပြေး၍ လေ့ကျင့်ခြင်းနှင့်အလုပ် တာဝန်များ ဖိစီးမှုကြောင့် မူးဝေသည့်ဝေဒနာကို ခံစားရသည့်အတွက် ရက်အနည်းငယ်ခန့် တွေ့ဆုံမှုများကို လျော့ချမည်ဖြစ် ကြောင်း ပြောကြားပါသည်။

    နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် ပြင်သစ် ခေါင်းဆောင်သမ္မတအနေဖြင့် ပင်ပင်ပန်းပန်း အလုပ် လုပ်ကိုင်မှုကြေင့် ဖြည်းဖြည်းပြေးခြင်း လေ့ကျင့်ခန်း ပြုလုပ်ရာမှ နေမကောင်းဖြစ်လာပါကြောင်း၊ ထို့နောက် ဆေးရုံတွင် တစ်ညတာတက်ရောက်ခဲ့ပါကြောင်းနှင့် နှလုံးရောဂါနှင့်ပတ်သက်၍ မဟုတ်ကြောင်းဖြင့် ဆိုပါ သည်။

    ဆေးစစ်ရာ၌ အလုပ်တာဝန်ဖိစီးမှုကြောင့် ပူပြင်းသော ရာသီတွင် ဖြည်းဖြည်းပြေးခြင်းလေ့ကျင့်ခန်းကို စဉ်ဆက်မပြတ်လုပ်သည့်အတွက် သတိမလစ်သော်လည်း မူးဝေခြင်းဝေဒနာကို ခံစားခဲ့ရခြင်းဖြစ်သည်ဟု သမ္မတရုံးထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

    သံတမန်ရေးရာတွင်လည်းကောင်း၊နိုင်ငံရေးတွင်လည်းကောင်း၊ကျန်းမာရေးတွင်လည်းကောင်း အလွန် အကျူး လုပ်ဆောင်သဖြင့် တက်ကြွလွန်းသောသမ္မတ (Hyperactive President) အဖြစ် လူသိများသော အသက်(၅၄)နှစ်အရွယ်ရှိ ပြင်သစ်သမ္မတသည် တနင်္ဂနွေနေ့က ဗာဆေးရဲတိုက်၏ပန်းခြံတွင် ဖြည်းဖြည်း ပြေးခြင်း လေ့ကျင့်ခန်းကို လေ့ကျင့်ရာမှ မူးဝေသည်ဝေဒနာကို ခံစားခဲ့ရခြင်းဖြစ်ပါသည်။

    ပဲရစ်မြို့ရှိ Val-de-Grace စစ်ဆေးရုံသို့ ဟယ်လီကော်ပတာဖြင့် မပို့ဆောင်မီ သမ္မတသည် လဲလျောင်းနေခဲ့ ့ရပါသည်။ တနင်္လာနေ့တွင် ၎င်း၏ဇနီးနှင့် ဆရာဝန်များခြံရံ၍ ဆေးရုံမှဆင်းခဲ့ပါသည်။ သမ္မတ အနေနှင့် နှလုံးရောဂါနှင့် အခြားစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီးနောက် ဆေးကုသမှုခံယူရန် မလိုဟု ဆေးအကြံပြုချက်များ အရ သိရှိရပါသည်။

    ရက်အနည်းငယ်ခန့်အနားယူရန်ဖြစ်သည်ဟု ဆေးမှတ်ချက်ပြုခဲ့ပြီးနောက် သမ္မတအနေဖြင့် အင်္ဂါနေ့ တွင် ပြုလုပ်ရန်ရှိသည့် တွေ့ဆုံမှုများကို ပယ်ဖျက်ရမည်ဖြစ်ပါသည်။ သို့ရာတွင် ဗုဒ္ဓဟူးနေ့တွင် စီစဉ်ထားသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် သဘာပတိအဖြစ် တက်ရောက်မည်ဖြစ်ပါသည်။

    အစဉ်အလာအားဖြင့် သမ္မတများ၏ ကျန်းမာရေးပြဿနာများနှင့်ပတ်သက်၍ လူသိရှင်ကြား အသိမခံဘဲ လျှို့ဝှက်ထားလေ့ရှိပါသည်။ ပြင်သစ်သမ္မတ ဖရန်ဆွာမီတာရွန်မှာ ၁၉၈၁ခုနှစ်တွင် ရွေးကောက် တင်မြှောက်ခြင်း ခံရပြီး များမကြာမီမှာ ကင်ဆာရောဂါရှိသည်ဟု ဆေးစစ်ချက်များအရ သိရပါသည်။ သို့ရာတွင် ၁၉၉၂ခုနှစ်မှ ၎င်းသတင်းကို ဖော်ပြခဲ့ပါသည်။

    သမ္မတအနေဖြင့် သမ္မတဖြစ်ပြီးနောက် ၎င်း၏နောက်ဆုံးပုံမှန်ကျန်းမာရေးအခြေအနေကို ထုတ်ပြန်ပေးမည်ဟု ကတိပြုခဲ့ပါသည်။ ၎င်း၏ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးဆေးစစ်ချက်ရလဒ်များကို ၂၀၀၉ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ၌ ပုံမှန်အခြေအနေရှိသည်ဟု ဆိုပါသည်။


    လင်းဦး(စိတ်ပညာ)

    0 comments:

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo