ဆူနာမီအဖြစ်မှ ပယ်ဖျက်လိုက်ပြီ

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,

  • ယနေ့နံနက် အိန္ဒိယသမုဒ္ဒရာရှိ အရှေ့တောင်အာရှ ကုန်းမြေကြီးအလွန်တွင် ကြီးမားသော ငလျင်လှုပ်သွားပြီးနောက် (၂)နာရီအကြာတွင် ဆူနာမီ အရေးပေါ် တပ်လှန့်မှုကို ပယ်ဖျက်လိုက်ပါကြောင်းဖြင့် အမေရိကန်အစိုးရ၏ ပစိဖိတ်ဆူနာမီ သတိပေးရေး စခန်းက ပြောကြားပါသည်။

    ကမ်းရိုးတန်းဒေသများဖြစ်သော အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို ဆူနာမီအတွက် စောင့်ကြည့်ခဲ့ပါသည်။ ထိုသို့ စောင့်ကြည့်မှုကို ဒေသစံတော်ချိန် နံနက် ၂နာရီမတိုင်မီ မိနစ်အနည်းငယ်ခန့်မှစ၍ အရှေ့အိန္ဒိယ၊ Andaman ကျွန်းအလွန် ရ.၇ မဂ္ဂနီကျူ့ အဆင့်ရှိ မြေငလျင် လှုပ်သွားပြီးနောက်ပိုင်းတွင် ဖြစ်ပါသည်။

    သို့ရာတွင် ဒေသစံတော်ချိန် နံနက် ၄နာရီနောက်ပိုင်းတွင် ပစိဖိတ်ဆူနာမီသတိပေးဌာနက ပင်လယ်ရေပြင်အမြင့်သည် ဆူနာမီဖြစ်ပွားလောက်အောင် သိသာထင်ရှားစွာ မြင့်တက်လာခြင်းမရှိဟု ကြေငြာပြီး တပ်လှန့်မှုကို ပယ်ဖျက်လိုက်ပါသည်။

    လင်းဦး(စိတ်ပညာ)

    2 comments:

    Yu Ya said...

    တော်သေးတာပေါ့ဗျာ.. စိုးရိမ်စရာမရှိတော့လို့

    yu ya

    nothing said...

    ဗျို့အကိုကြီးရောက်လာတယ်၊အမြဲတန်းရောက်ဖြစ်တယ်
    အကို့စီဗုံးပျေက်နေလို့ဗျ။

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo