သဘာဝဘေးဒဏ်ကျရောက်မည့်ုနေရာ ထုတ်ပြန်မှု

Posted on
  • by
  • Aung Maw
  • in
  • Labels: , ,
  • ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၏ အနောက်ဘက် ၈၂၅ ကီလိုမီတာအကွာ၊ မြန်မာနိုင်ငံ တနင်္သာရီအနောက်ဘက် ၃၆၅ ကီလိုမီတာအကွာရှိ Andamans ကျွန်း၏မြို့တော် Port Blair မြောက်ပိုင်း ၂၆၃ ကီလိုမီတာအကွာလောက်တွင် ရေအနက် ၃၃ ကီလိုမီတာ၌ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။

    ပစိဖိတ်ဆူနာမီသတိပေးဌာနက အစောဆုံးတပ်လှန့်ချက်အဖြစ် Andaman ကျွန်း၊ Port Blair, Great Nicobar, Kainada နှင့် Baleshwar အပါအဝင် အိန္ဒိယနိုင်ငံ၏ ပြည်နယ်များကို သတိပေးချက် အဖြစ် မြေငလျင်ဖြစ်ပေါ်မှုသည် မည်သည့်ဆူနာမီကိုမဆို ဖြစ်ပေါ်စေနိုင်ပြီး ဖော်ပြပါနေရာများသည် သဘာဝဘေးဒဏ်ကို ပထမဆုံးကျရောက်နိုင်ရန် အလားအလာရှိကြောင်းဖြင့် သတိပေးထားပါသည်။

    မြန်မာနိုင်ငံတွင် အန္တရာယ်ရှိသည့် ဒေသများအဖြစ် ပြင်ခရိုင်(Pyinkayaing)၊ ချီဒူဘကျွန်း (Kheduba Island) ၊ စစ်တွေ၊ မြိတ်နှင့် ရန်ကုန်တို့ကို စာရင်း သတ်မှတ်ထားပါသည်။

    အင်ဒိုနီးရှားတွင် ၂၀၀၄ခုနှစ်က ဆူနာမီကျရောက်ခဲ့သော ဒေသဖြစ်သည့် ဘန်ဒါအာချေး (Banda Aceh) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စစ်တကောင်း (Chittagong) တို့ကို သတိပေးထားပါသည်။

    ထိုင်းနိုင်ငံတွင် ဖူးခက်(Phuket)၊ ကိုပရာသွန်(Ko Phra Thong) နှင့် ကိုတာရူတာအို (Ko Tarutao) တို့ကို ဆူနာမီစောင့်ကြည့်နေရာများအဖြစ် သတ်မှတ်ပါသည်။

    လင်းဦး(စိတ်ပညာ)

    0 comments:

    Post a Comment


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo